မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၃၃ရက် မြောက်အဖြစ် ယနေ့ ဩဂုတ်၂၆ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။
ဒေသတွင်းရှိ မြန်မာ -ယန်စီ နှင့် မြန်မာ - ဝမ်ပေါင် ကြေးနီကုမ္ပဏီအနီးတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ လူထုသပိတ် စစ်ကြောင်းသည် “အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေတိုက်ပွဲ ဝင်ဆဲ” စာတန်းများကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။
ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြေးနီကုမ္ပဏီ
#ဝမ်ပေါင်
#ဆာလင်းကြီးမြို့
#သပိတ်စစ်ကြောင်း
(ပုံသတင်း)