ကမ္ဘာအေး လူကူးခုံးကျော်တံတားပေါ်က လူတစ်ဦးခုန်ချ

ကမ္ဘာအေး လူကူးခုံးကျော်တံတားပေါ်က လူတစ်ဦးခုန်ချ

ဩဂုတ် ၂၅

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ လူတစ်ဦးခုန်ချကာ သတ်သေရန်ကြိုးပမ်းမှု ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့သည်။

အမည်မသိ အမျိုးသားတစ်ဦးက ကမ္ဘာအေးဘုရားလမ်းမ ဂမုံးပွင့်ကုန်တိုက်အနီးရှိ လူကူးခုံးကျော်တံတား ပေါ်မှ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ခုန်ချသွားခဲ့ခြင်းဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးကားက မိနစ် ၂၀ ခန့်အကြာတွင်ရောက်ရှိလာခဲ့ကာ လူနာကိုသယ်ဆောင်သွားခဲ့ ကြောင်း တွေ့မြင်ခဲ့ရသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ကမ္ဘာအေးဘုရားလမ်း

#လူကူးခုံးကျော်တံတား

#သတ်သေရန်ကြိုးပမ်းမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly