ဩဂုတ်လ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၆၂ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဆက်လက်ဆန္ဒပြကြသည်။
“ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ” စာတမ်းကိုကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော် သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ စောဖေ