တရုတ်အာဏာပိုင်များက ပိုင်နက်ထိန်းချုပ်မှုတိုးမြှင့်ရန် တိဗက်များကို အိန္ဒိယနယ်စပ်သို့ အတင်းအကျပ် ရွှေ့ပြောင်း

တရုတ်အာဏာပိုင်များက ပိုင်နက်ထိန်းချုပ်မှုတိုးမြှင့်ရန် တိဗက်များကို အိန္ဒိယနယ်စပ်သို့ အတင်းအကျပ် ရွှေ့ပြောင်း

တရုတ်အစိုးရသည် တိဗက်တို့၏ ရိုးရာဘဝနေထိုင်မှုပုံစံကို အဆုံးသတ်ရန်နှင့် အိန္ဒိယအပါအဝင် နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်စေရန် ၂၀၃၀ ပြည့်နှစ်မတိုင်မီတွင် တိဗက်လူမျိုး ၁၀၀,၀၀၀ ကျော်ကို နေရပ်ရွှေ့ပြောင်းရန် အစီအစဉ်ရှိကြောင်း ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် အိန္ဒိယ၊ ဘူတန်နှင့်နီပေါနိုင်ငံတို့နှင့်ထိစပ်နေသည့် ပိုင်နက်များကို တိုးချဲ့ရန် သို့မဟုတ် ပေါင်းစည်းရန် အငြင်းပွားဒေသများ၌ ရွာသစ်များ အသည်းအသန်ဆောက်လုပ်နေသည့် တရုတ်၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

တရုတ်သည် အငြင်းပွား ဟိမဝန္တာဒေသများတွင် နယ်စပ်ကျေးရွာပေါင်း ၆၂၄ ရွာ တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု တရုတ်အစိုးရစာရွက်စာတမ်းများကို ကိုးကား၍ ဟောင်ကောင်အခြေစိုက်သတင်းဌာနက ဖော်ပြသည်။

စီမံချက်အသစ်သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ကွန်မြူနစ်ပါတီကော်မတီ၏ ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော တရုတ်၏ကြီးမားသော မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၄ ၈၀၀ မီတာအထက်ရှိ တိဗက်ဒေသ အမြင့်ပိုင်းတွင် နေထိုင်သော တိဗက်လူမျိုးများကို နေရာရွှေ့ပြောင်းရန် စီစဉ်ထားသည်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ပြောင်းရွှေ့ခြင်းဟု တရုတ်က အခိုင်အမာဆိုထားသော်လည်း ထိုသို့ရွှေ့ပြောင်းနေရာချထားခြင်းသည် သဘာဝပတ်ဝန်းကျင်အပေါ် မည်သို့ ကောင်းကျိုးရှိမည်နှင့်စပ်လျဉ်း၍ သိပ္ပံနည်းကျ အထောက်အထားမရှိပေ။

အတင်းအကျပ်ရွှေ့ပြောင်းနေရာချထားမှုကြောင့် ရွှေ့ပြောင်းရမည့် တိဗက်လူမျိုး ၂ သန်းခန့်သည် စားဝတ်နေရေးဒုက္ခရောက်ကာ ဆင်းရဲတွင်းနက်နိုင်သည်ဟု ခန့်မှန်းရသည်။

နေရာရွှေ့ပြောင်းရေးအစီအစဉ်အရ ၂၀၁၈ မှ ၂၀၂၅ ခုနှစ်အတွင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရှီဂတ်ဆဲ၊ နက်ချူနှင့် ဂါရီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများမှ လူပေါင်း ၁၃၀ ၀၀၀ ထက်မနည်းကို ရွှေ့ပြောင်းခိုင်းမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly