လူ့အခွင့်အရေးချိုးဖောက်မှုများပါဝင်သည့် ကုလအစီရင်ခံစာကို ဖုံးဖိရန် ကြိုးစားနေကြောင်း သတင်းများကို တရုတ် ငြင်းဆို

လူ့အခွင့်အရေးချိုးဖောက်မှုများပါဝင်သည့် ကုလအစီရင်ခံစာကို ဖုံးဖိရန် ကြိုးစားနေကြောင်း သတင်းများကို တရုတ် ငြင်းဆို

ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အသေးစိတ်ဖော်ပြထားသည့် ကုလသမဂ္ဂ အစီရင်ခံစာကို တရုတ်က ဖုံးဖိရန် ကြိုးစားနေသည်ဆိုသော သတင်းများကို တရုတ်က ပြင်းထန်စွာ တုံ့ပြန်လိုက်သည်။

“မမှန်မကန် သတင်းမှားတွေနဲ့ တရုတ်ကို အသေရေဖျက် တိုက်ခိုက်တာကို ပြတ်ပြတ်သားသား ဆန့်ကျင် ပါတယ်။ တရုတ်ရဲ့ မျှတတဲ့ ရပ်တည်ချက်က နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခိုင် အမာ ထောက်ခံမှု ကို ရရှိထားပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝမ်ဝေဘင်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“နိုင်ငံရေး ခြယ်လှယ်ဖို့ တရုတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တရုတ်ကို ချုပ်ကိုင် ဖိနှိပ်ဖို့ ရှင်ကျန်းကို အသုံးပြုနေတဲ့ နိုင်ငံအနည်းငယ်ရဲ့ လုပ်ဆောင်ချက်က အောင်မြင်မှာ မဟုတ်ဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာကို ဖုံးဖိထားရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်ဘတ်ချီလတ်ထံ တရုတ်က တိုက်တွန်းစာတစ်စောင် ပေးပို့ခဲ့ကြောင်း ဗြိတိန်အခြေစိုက် မီဒီယာက သတင်းဖော်ပြပြီးနောက် ယခုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျီနီဗာရှိ သံတမန်မစ်ရှင်များအား အဆိုပါ အစီရင်ခံစာကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် ဇွန်လနှောင်း ပိုင်းတွင် တရုတ်က တိုက်တွန်းခဲ့ပြီး ထောက်ခံကြောင်း ဖော်ပြသည့်အနေဖြင့် လက်မှတ်ရေးထိုးရန် နိုင်ငံများကို တောင်းဆိုခဲ့သည်။

မစ်ချယ်ဘတ်ချီလတ်သည် ရှင်ကျန်းနှင့် တိဗက်ကဲ့သို့သော ဒေသများတွင် လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် ဝီဂါများနှင့် တိဗက်လူမျိုးများအပေါ် ကျူးလွန်မှုများအပေါ် တရုတ်က တာဝန်ယူရေး ဆောင်ရွက်ရန် မေလ ခရီးစဉ်အတွင်း အခွင့်အရေးကောင်းရရှိခဲ့သော်လည်း တရုတ်အပေါ် သဘောထား မှတ်ချက်မှာ ပျော့ပြောင်းလွန်းသည့်အတွက် ပြင်းပြင်း ထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လူ့အခွင့်
အရေးအဖွဲ့အကြီးအကဲ ပထမဆုံး လာရောက်သည့်ခရီးစဉ်သည် “သမိုင်းဝင်အခွင့်အရေးကို လက်လွတ်ဆုံးရှုံး” ခဲ့ရပုံရသည်။

ခရီးစဉ်အဆုံးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ၏ ထုတ်ပြန်ချက်တွင် သူမ၏ခရီးစဉ်သည် စုံစမ်းစစ် ဆေးရန်မဟုတ်ကြောင်းနှင့် “လူ့အခွင့်အရေး” အပါအဝင် နယ်ပယ်များတွင် တရုတ်ထိပ်တန်းခေါင်း ဆောင်များ နှင့် တိုက်ရိုက်ဆွေးနွေးခွင့်ရခဲ့ခြင်းက “အနောက်နိုင်ငံများကို အထိနာစေခဲ့သည်” ဟု Global Times က အလေး ပေး ဖော်ပြခဲ့သည်။

အခြားတရုတ်မီဒီယာ CGTN က ခရီးစဉ်သည် 'အခြေအနေများကို ရှင်းရှင်းလင်းလင်းသိစေရန်နှင့် သတင်းမှားများနှင့် အခြားအရာများစွာကို ရှင်းလင်းရန်အခွင့်အလမ်းပေးခဲ့သည်' ဟုဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly