မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲပါ သေဒဏ်စီရင်မှုနှင့်ပတ်သက်၍ ညွှန်ကြားချက်

မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲပါ သေဒဏ်စီရင်မှုနှင့်ပတ်သက်၍ ညွှန်ကြားချက်

ဇူလိုင် ၂၅

ခန္ဓာကိုယ်အား စစ်ဆေးခြင်းနှင့် စွန့်လွှတ်ပေးအပ်ခြင်းကဏ္ဍတွင်" ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်းရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်။ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်း မပြုရ၊ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်။ ခန္ဓာကိုယ်အား ဆွေမျိုးများ (သို့) မိတ်ဆွေများမှ တောင်ဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စမရှိလျှင် (အပိုဒ် ၁၀.၁.၉ - ကြည့်) တံခါးကြီး၏ ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာတွင် ၎င်းတို့အား ပေးအပ်လိုက်ရမည်။" ဟု ပါရှိသည်။

သို့သော် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်ပေးပြစ်ဒဏ်စီရင်ပြီးဖြစ်သည်ဟု စစ်ကောင်စီက ၄င်းထိန်းချုပ်ထားသော သတင်းစာများမှတဆင့်ထုတ်ပြန်သော်လည်း ကာယကံရှင်မိသားစုဝင်များ မသိရှိဘဲဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required