ပါကစ္စတန်တွင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အစိုးရက ပိတ်ပင်ပြီးနောက် ဆိပ်ကမ်းများ၌ ကုန်သေတ္တာ ရာပေါင်းများစွာ စုပုံနေ

ပါကစ္စတန်တွင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အစိုးရက ပိတ်ပင်ပြီးနောက် ဆိပ်ကမ်းများ၌ ကုန်သေတ္တာ ရာပေါင်းများစွာ စုပုံနေ

ပါကစ္စတန်နိုင်ငံတွင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အစိုးရက ပိတ်ပင်တားမြစ်ချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် ကရာချိမြို့ ဆိပ်ကမ်းများ၌ ကုန်သေတ္တာအလုံး ၆၀၀ ကနေ ၉၀၀ ခန့်အထိ စုပုံလျက်ရှိသည်။

မူလနေရာမှ ထွက်ခွာလာသည့် သင်္ဘောများနှင့် သင်္ဘော ကုန်တင်လက်မှတ်များ နှောင့်နှေးကြန့်ကြာ ခဲ့ခြင်းကြောင့် အဆိုပါ ကုန်သေတ္တာများ စုပုံသောင်တင်ခြင်းဖြစ်ကြောင်း Business Recorder က ဖော်ပြသည်။

ကရာချိသို့ ကုန်သေတ္တာအလုံး ၆၀၀ မှ ၉၀၀ ခန့်အထိ ရောက်ရှိခဲ့သော်လည်း အကောက်ခွန်တာဝန်ရှိသူများထံမှ ခွင့်ပြုချက် တောင်းခံရရှိနိုင်ခြင်း မရှိခဲ့ဟု ကရာချိ အကောက်ခွန် အေးဂျင့်များ အသင်းအဖွဲ့ (KCAA) ၏ အထွေထွေ အတွင်းရေးမှူး အာရှက်ဒ် ခါရှိဒ်က ပြောသည်။

ကုန်သေတ္တာအလုံး ၆၀၀ မှ ၉၀၀ ခန့်သည် ကရာချိမြို့ကို ရောက်ရှိခဲ့ပြီးနောက် ပြဋ္ဌာန်းဥပဒေဆိုင်ရာ စည်းမျဉ်း အမိန့်ညွှန်ကြားချက်များ (SRO) များကြောင့် အကောက်ခွန်တာဝန်ရှိသူများထံမှ ခွင့်ပြုချက် ရရှိနိုင်ခြင်း မရှိခဲ့ဟု အာရှက်ဒ် ခါရှိဒ်က ပြောသည်။

လက်ရှိ တည်ဆဲဥပဒေအရ ၂၀၂၂ ခုနှစ် သွင်းကုန်မူဝါဒ ပြင်ဆင်ချက် အမိန့်ညွှန်ကြားချက် မတိုင်မီ သင်္ဘော ကုန်တင်လက်မှတ် ရက်စွဲပါသည့် သွင်းကုန်ပစ္စည်းများကိုသာ ခွင့်ပြုမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုအခါ ဆိပ်ကမ်းအသီးသီး၌ ကုန်သေတ္တာများ စုပုံနေခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး ထိုမှတစ်ဆင့် ဆိပ်ကမ်း ပြည့်ကျပ်မှုကို ဦးတည်စေနိုင်ပြီး ဝင်ငွေ ဘီလီယံနှင့်ချီ ဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်း အာရှက်ဒ် ခါရှိဒ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required