ဧပြီ ၁
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နမ့်မို့ရွာမှာ မတ်လ ၃၀ ရက်နေ့က ရွာထဲကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်သားတွေဟာ ရွာသားတွေကို သူတို့နေဖို့ တပ်စခန်းတွေကို အဓမ္မချောဆွဲပြီးဆောက်ခိုင်းနေပါတယ်။
စစ်ကောင်စီတပ်သားတွေက စုစုပေါင်း အယောက်၃၀လောက် ရှိပြီး နမ့်မိုဘုန်းကြီးကျောင်းမှာတည်းတယ်။သူတို့ရောက်လာတဲ့ ည၆နာရီလောက်မှာပဲ ရွာလူကြီးတွေကိုခေါ်ပြီး တစ်အိမ်တစ်ယောက် သူတို့နေဖို့တပ်စခန်းသွားဆောက်ပေးဖို့ လူခေါ်ခိုင်းတယ်။
ရွာထဲမှာက အိမ်ထောင်စုစာရင်း ၆၃ ခုပေါက်ထားတော့ ၆၃ယောက်လွတ်ပေးရမယ်လို့ရွာလူကြီးတွေကို ပြောတယ်။ကြောက်ကျတော့လည်း သွားရတယ်။
စစ်သားတွေက သူတို့တပ်စခန်းသွားဆောက်ခိုင်းတဲ့နေရာကလည်း ပိုင်ရှင်ရှိတဲ့ရွာသားခြံကြီးဖြစ်နေတယ်။ သူတို့ကအတင်းဝင်နေတာ။ ရွာတွေကသစ်တွေဝါးတွေလည်းတောင်းတယ်။
တိုက်ပွဲတွေမရှိဘဲနဲ့ သူတို့ဒီလိုမျိုး ကျွန်တော်တို့နယ်တစ်ကြောက ရွာအတော်များများမှာ တပ်တွေလာတည်တော့စိတ်ပူတယ်။အရင်ခေတ်ကကြုံရသလို ချောဆွဲတာတွေပြန်ကြုံလာရတာကို အများသိအောင် မဇ္ဈိမအယ်ဒီတာကနေတစ်ဆင့်တင်ပြလိုက်ပါတယ်။
(ဒေသခံ ပြည်သူတစ်ဦး)