နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။
“စစ်ရေးကတော့ လူထုကိုထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးလူထုနဲ့ဝေးတဲ့နေရာတွေဖြစ်အောင်တော့ လူထုနဲ့နီးတဲ့နေရာတွေကို တော်တော်လေးရှောင်ရှားပါတယ်။ တတ်နိုင်သမျှပေါ့။ တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေကို သွားလာဖို့ကတော့ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ၎င်းက ဆိုသည်။
ရိုက်ကူး/တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59802
လတ်တလောတိုက်ပွဲများဖြစ်နေသည့်ဒေသများသို့ အရပ်သားပြည်သူများအနေဖြင့် မသွားလာကြသေးရန် မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ထဲမှ တအာင်း/ပလောင်လွတ်မြောက်ရေးတပ် (TNLA) မှဗိုလ်မှူးတာအိုက်ကျော်က ပြောဆိုလိုက်သည်။ သတင်းအပြည့်အစုံ - http://bit.ly/2ZbCOpc
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ အဝင်အထွက်လမ်းများအား ပိတ်ဆို့ထားပြီး ယာဉ်သွားလာမှုများ ရပ်ဆိုင်းထားသည်ဟု ကွတ်ခိုင်မြို့ ပရဟိတအသင်း တစ်သင်းဖြစ်သည့် ဗြဟ္မာစိုရ် နှလုံးသား အသင်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59785
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံရမှုဖြစ်အပြီး ပြင်ဦးလွင်မြို့ရှိ အထင်ကရနေရာအချို့နှင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီတော် သို့ လာရောက်ဖူးမြှော်သူများ လျော့နည်းသွားသည်ဟု မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီ၊ ဂေါပကဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးဉာဏ်ထွန်းက ပြောသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59752
ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။ သတင္းအျပည့္အစုံ - http://www.mizzimaburmese.com/article/59755