“နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ “ဆိုတဲ့ဒီပဲယင်းမြို့နယ် အမျိုးသမီးသပိတ်စစ်ကြောင်း

ဖေဖော်ဝါရီလ ၁၈ ရက်

ဒီပဲယင်းမြို့နယ်မှ အမျိုးသမီးထု၏ ဦးဆောင်မှုဖြင့် လက်ပံတောင်းဒေသမှ ပင်မသပိတ်ခေါင်းဆောင်တစ်ဦး၊ အနောက်မြောက်လွင်ပြင်ဒေသ သပိတ်ဦးဆောင်သူ လူငယ်တစ်ဦးနှင့် မုံရွာလူငယ်များအစည်းအရုံးမှ လာရောက်ပူးပေါင်းကာ "နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ" ဟူသော ခေါင်းစဥ်ဖြင့် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး သပိတ်စစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်တွင် ချီတက်ခဲ့ကြသည်။

ပြည်သူအားလုံး နိုင်ငံသစ်ကို မျှော်မှန်း၍ စစ်အာဏာရှင်စနစ်ကို အရှိန်အဟုန်မပြတ် ဆက်လက်တိုက်ထုတ်သွားကြရန်နှင့် ယနေ့အချိန်ထိ ဆက်လက်အင်အားကောင်းနေဆဲဖြစ်သော CDM သမားများ၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော စစ်ဘေးရှောင်များအား ပြည်သူလုထုတစ်ရပ်လုံးက ဝိုင်းဝန်း ကူညီပံ့ပိုးကြရန် ကြွေးကြော်လျက် ချီတက်ဆန္ဒပြခဲ့ကြပါသည်။