၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်းများ

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၂၀ ရက်မှာ အော့ကလန်မြို့ရှိ Eden Park မှာ ကျင်းပပြုလုပ်စဉ်။ (ဓာတ်ပုံ - AFP/FIFAWWC/FIFA) ပြိုင်ပွဲအိမ်ရှင်အဖြစ် နယူးဇီလန်နဲ့ သြစတြေးလျတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ၃၂ သင်းဖြင့် ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၀ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။