“တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

 

-------------------------------------------

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ဇန်နဝါရီလ ၅ ရက် ယနေ့တွင် ဆက်လက်ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်တပ်ကို ထွက်ပေါက်မပေးကြေး” စာတန်းကို ဆွဲကိုင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲပြုလုပ်ပြီး ၎င်းတို့ထွက်ပေါက်အတွက် ကြိုးစားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မပူးပေါင်းခြင်းအားဖြင့် တော်လှန်ရေး ဆက်လက်ဆင်နွဲရန် နှင့် စည်းလုံးညီညွတ်ခြင်းအားဖြင့် တော်လှန်ပေးကြရန် တိုက်တွန်းခဲ့ကြသည်။

ယနေ့သည် ရွာပေါင်းစုံလူထုသပိတ်၏ ရက်ပေါင်း ၆၆၃ မြောက် ရက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြကန့်ကွက်ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)