တောင်ယာလုပ်ငန်းခွင်သပိတ်ပြုလုပ်ခဲ့သည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဒီဇင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်းရေး ဆန္ဒပြပွဲအား ဒီဇင်ဘာလ ၂၃ရက် ယနေ့တွင် တောင်ယာလုပ်ငန်းခွင်၌ ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်ဆွဲ တိုက်ပွဲဝင်ကြ” စာတန်းကို ဆွဲကိုင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

၆၅၂ မြောက်ဖြစ်သော ယနေ့ချီတက်ပွဲတွင် တော်လှန်ရေးနည်းနာပေါင်းစုံဖြင့် တညီတညွတ်တည်း တိုက်ပွဲဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သောကြောင့် နိုင်ရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနိုးဆော်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)