“ဗိုလ်အောင်ကျော် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ”ကလေးမြို့ပင်မသပိတ် ချီတက်ဆန္ဒပြ

ဒီဇင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၈၃ ရက်မြောက်နေ့အဖြစ် ယနေ့ ဒီဇင်ဘာလ ၂၁ရက်တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

ပင်မသပိတ်စစ်ကြောင်းသည် ၈၄ နှစ်မြောက် ကျောင်းသားနေ့ အထိမ်းအမှတ်အဖြစ် “ဗိုလ်အောင်ကျော် စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်း

ကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး၍ ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှစတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)