“တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၇၆ ရက်မြောက်အဖြစ် ယနေ့ဒီဇင်ဘာလ ၁၄ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

ပင်မသပိတ်စစ်ကြောင်းသည် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းကိုင်ဆွဲပြီး ကြွေးကြော်သံ များဟစ်ကြွေးကာ ချီတက်ကြခြင်း ဖြစ်သည်။

မိဘပြည်သူများအနေနှင့် စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲ ၊ လမ်းမပေါ်သို့တက်ကာ အလံနှင့် အသံ ကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)