နိုဝင်ဘာလ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၆၄၄ မြောက်အဖြစ် နိုဝင်ဘာလ ၁၂ရက် ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
ပင်မသပိတ်စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝန်းရံလျက် “အလုပ်မဖြစ်တဲ့ အာဆီယံ မူငါးချက် ဆွဲကိုင်နေတာ ချက်ချင်းရပ်”စာတန်းကိုင်စွဲပြီး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင့်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)