ဒေသခံ ကာကွယ်ရေးတပ်များ ဝန်းရံမှုဖြင့် ချီတက်ခဲ့သည့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း

စက်တင်ဘာလ ၂၇ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၉၈ မြောက်အဖြစ် စက်တင်ဘာလ ၂၇ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝန်းရံမှုဖြင့် “Accept NUG & Our ambassador, Reject Dictator” စာတန်းအားကိုင်စွဲပြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးကို ထောက်ခံကြောင်း နှင့် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)