၇၂နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ကော်သူးလေတပ်မတော်(KTLA) ဌာနချုပ်တွင် ကျင်းပ

ဩဂုတ်လ ၁၃ ရက်

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ကော်သူးလေတပ်မတော်ဌာနချုပ်(KTLA)တွင် ဩဂုတ်လ ၁၂ရက်နေ့၌ ကျရောက်သည့် ၇၂နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အာဇာနည်ကျောက်တိုင်၌ လွမ်းသူ့ပန်ခွေချခြင်း၊ ကော်သူးလေတပ်မတော်(KTLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးဘိုမြ မှ ပေးပို့သည့် မိန့်ခွန်းကို ဖတ်ကြားခြင်း၊ တပ်ရင်းမှူး၊ ဗျူဟာမှူးများမှ မိန့်ခွန်းများပြောကြားခဲ့သည်။

ကရင်အမျိုးသားလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အသက်ပေးလှူခဲ့ကျသည့် အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ကို နှစ်စဉ်ကျင်းပခဲ့ကြသည်။

ခေတ်အဆက်ဆက် မြန်မာအစိုးရသည် ကရင့်အာဇာနည်နေ့ကို ပြုလုပ်ခွင့်မပေးခဲ့ဘဲ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင်လည်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင် ပြုလုပ်သည့် ကရင့်အာဇာနည်နေ့ကို စစ်ကောင်စီတပ်နှင့်ရဲများမှ လာရောက်ပိတ်ပင် ဖျက်ဆီးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)