ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၈၁ ရက် မြောက် ချီတက်ဆန္ဒပြ

မတ်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၈၁ ရက် မြောက် အဖြစ် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ချီတက်ဆန္ဒ ပြကြသည်။ 

နယ်မြေ မငြိမ်မသက်မှုများကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ကြသည်။