“အဖိနှိပ်ခံ အလုပ်သမားထုကိုဝန်းရံကြ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၇၉ ရက် မြောက် ချီတက်ဆန္ဒပြ

မတ်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၇၉ ရက် မြောက်အဖြစ် ယနေ့ မတ်လ ၂၄ ရက်တွင် ချီတက် ဆန္ဒပြသည်။ 

“အဖိနှိပ်ခံ အလုပ်သမားထုကိုဝန်းရံကြ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ”  စာတမ်း ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။