တရုတ်၏ ကျူးကျော်တိုက်ခိုက်မှုကို စိုးရိမ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

By ANI
20 November 2022
တရုတ်၏ ကျူးကျော်တိုက်ခိုက်မှုကို စိုးရိမ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
Photo: EPA

တရုတ်အစိုးရက ကျူးကျော်တိုက်ခိုက်မှုအတွက် မကြာခဏဖော်ပြလာခြင်းကြောင့် အမှန်တကယ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာသည်ဟု စိုင်အင်းဝမ်က The Atlantic မဂ္ဂဇင်းသို့ ပြောကြားချက်ကို RTသတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၏ မိန့်ခွန်းရေးသားသူနှင့် နိုင်ငံတော်လုံခြုံရေး ဒုတိယအကြံပေးဖြစ်ခဲ့သူ ဘင်ရိုဒက်စ် ရေးသားထားသည့် ဆောင်းပါးကိုလည်း RTသတင်းဌာနကကိုးကားရေးသားခဲ့သည်။ဖြစ်ပေါ်လာနိုင်သည့် တရုတ်၏ ကျူးကျော်မှုအတွက် မိမိတို့အနေဖြင့် အဆင်သင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း စိုင်၏ ပြောကြားချက်ကို ဆောင်းပါးတွင် ဖော်ပြထားသည်။

“ဒီအခြေအနေကိုကျွန်မတို့ ကြုံတွေ့လာရနိုင်ပါတယ်၊ တကယ် ခြိမ်းခြောက်မှုဖြစ်ပြီးဝါဒဖြန့်တာမဟုတ်ပါဘူး” ဟုလည်း စိုင်က ထည့်သွင်း ပြောကြားသည်။

တရုတ်၏စစ်အင်အားသည် ထိုင်ဝမ်ထက် များစွာကြီးမားသော်လည်း ထိုင်ဝမ်အနေဖြင့် စစ်အသုံးစရိတ်ကို တိုးမြှင့်ရန် ကြိုးစားထားသည်။ သမ္မတစိုင်အင်းဝမ်၏ လက်ထက်တွင် ထိုင်ဝမ်၏ကာကွယ်ရေး အသုံးစရိတ်သည် ၁၃ ရာခိုင်နှုန်း ပိုမိုများပြားလာပြီး ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၉ ဘီလီယံအထိ ရှိလာနိုင်ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။

“တရုတ်စစ်တပ်က မိုက်မိုက်ကမ်းကမ်း လုပ်မယ်ဆိုရင်တော့ သမ္မတရှီအနေနဲ့ ပေးဆပ်ရမှုတွေ များပါလိမ့်မယ်။ သူ့အနေနဲ့ အသေအချာ စဉ်းစားဖို့လိုပါတယ်” ဟု ထိုင်ဝမ်သမ္မတ စိုင်အင်းဝမ်က အိမ်ဖြူတော် အရာရှိဟောင်းတစ်ဦးသို့ ပြောကြားချက်ကို RT သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်နေသည့်တိုင်၊ အမေရိကန်အစိုးရကလည်း ဒေါ်လာ ဘီလီယံတန်ဖိုးရှိ လက်နက်များကို ရောင်းချရန် ခွင့်ပြုပေးနေသည့်တိုင် ယူကရိန်းကဲ့သို့ပင် အနောက်အုပ်စု၏ စစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးမှုကို လိုအပ်နေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required