ပါကစ္စတန်တွင် တရုတ်နှင့် စီးပွားရေးစင်္ကြံစီမံကိန်း တိုးတက်မှုမရှိကြောင်း အတိုက်အခံတို့ ဝေဖန်

ပါကစ္စတန်တွင် တရုတ်နှင့် စီးပွားရေးစင်္ကြံစီမံကိန်း တိုးတက်မှုမရှိကြောင်း အတိုက်အခံတို့ ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် တေရိခ်-အီ-အင်န်ဆက်ဖ် (PTI) အစိုးရလက်ထက်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) သည် ရှေ့ဆက်မတိုးနိုင်ဘဲ အရှိန်သေနေကြောင်း ဝန်ကြီးချုပ်ဟောင်း ရှာဟစ်ဒ် ခါကန် အက်ဘာစီက ဝေဖန်ပြောကြားလိုက်သည်။

တရုတ်သည် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်၌ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံတန်ဖိုးရှိ စီးပွားရေး စီမံကိန်း တစ်ခုကို ကြေညာခဲ့သည်။

အမေရိကန်နှင့် အိန္ဒိယ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အလို့ငှာ တရုတ်သည် CPEC စီမံကိန်းနှင့်အတူ ပါကစ္စတန်၊ ဗဟိုအာရှနှင့် တောင်အာရှဒေသ တစ်ခွင်၌ ယင်း၏ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ရည်ရွယ်ခဲ့သည်။

CPEC စီမံကိန်းသည် အာရေဘီးယန်းပင်လယ်ရှိ ပါကစ္စတန်၏ ဘာလိုချီစတန်ပြည်နယ် ဂွာဒါ ဆိပ်ကမ်းနှင့် တရုတ်၏ အနောက်ပိုင်း ရှင်ကျန်းဒေသနှင့် ချိတ်ဆက်သွယ်မည် ဖြစ်သည်။

CPEC ပရောဂျက်များ စီမံကိန်းရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး အက်ဘာစီက ပြောကြားရာတွင် ထို စီမံကိန်းအားလုံးသည် ယခင် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) အစိုးရသက်တမ်းအတွင်း ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ အစိုးရလက်ထက်တွင် ရှိရင်းစွဲ စီမံကိန်းများကို ငွေကြေးထောက်ပံ့မှုက ရပ်တန့်နေပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရန် ပါကစ္စတန် လက်ရှိဝန်ကြီးချုပ် အီမရန် ခန်း ပေကျင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ပါကစ္စတန်ရှိ တရုတ်၏ ဒေါ်လာ ဘီလီယံများစွာတန် CPEC စီမံကိန်းအောက်တွင် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်တစ်ရပ်ကို ဖေဖေါ်ဝါရီ ၄ ရက်က ပါကစ္စတန်နှင့် တရုတ်တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required