အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်တွင် ထပ်မံပိတ်ဆို့မှုများကြောင့် သွားလာလှုပ်ရှားမှုများအပေါ် ထိခိုက်

အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်တွင် ထပ်မံပိတ်ဆို့မှုများကြောင့် သွားလာလှုပ်ရှားမှုများအပေါ် ထိခိုက်

အာဖဂန်နစ္စတန်နှင့်နယ်စပ် ချာမန်းနယ်စပ်ဖြတ်ကျော်နေရာတွင် ပါကစ္စတန်အာဏာပိုင်တို့က ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား သာမန်ပြည်သူများ၏ သွားလာလှုပ်ရှားမှုများအပေါ် ကြီးကြီးမားမား ထိခိုက်သက်ရောက်စေခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။

နယ်စပ်တာဝန်ရှိသူများသည် တရားဝင်အထောက်အထား စာရွက်စာတမ်းများ ကိုင်ဆောင်ထားသူများကိုသာ နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုကြောင်း အမေရိကန်ရုပ်သံလွှင့်ဌာနက ပြောသည်။

“ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အကြား ချာမန်း နယ်စပ်မှာ ပါကစ္စတန် အာဏာပိုင်တွေဘက်က ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ ချမှတ် ထုတ်ပြန်ခဲ့တာကြောင့် နှစ်နိုင်ငံအကြား သာမန်ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေ ရှိတဲ့သူတွေကိုပဲ နယ်စပ်ကို ဖြတ်ခွင့်ပြုမယ်လို့ ပါကစ္စတန်နယ်စပ်တာဝန်ရှိသူတွေက ပြောပါတယ်” ဟု VOA DEEWA Service ၏ တွစ်တာတွင် ဖေဖော်ဝါရီ ၈ ရက်က ဖော်ပြခဲ့သည်။

ချာမန်းနယ်စပ်ဖြတ်ကျော်နေရာသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် အကြား အဓိက နယ်စပ် ဖြတ်ကျော်နေရာနှစ်ခုအနက် တစ်ခုဖြစ်ပြီး ဒုတိယဖြတ်ကျော်နေရာသည် မြောက်ပိုင်းရှိ တော့ခ်ဟမ်တွင် ရှိသည်။

အစောပိုင်းကလည်း ပါကစ္စတန်သည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အကြောင်းပြုပြီး အာဖဂန်နစ္စတန်နှင့် အကြား ယင်း၏ နယ်စပ်ကို ပိတ်ခဲ့သေးသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လလယ်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် လူသားချင်းစာနာမှု အခြေအနေသည် သိသိသာသာ ယိုယွင်းဆိုးရွားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly