စစ်ကောင်စီတပ် ထောက်ပို့ရဟတ်ယာဉ်မှချပေးသည့် ၇၃ မမဒုန်းနှင့် ကျည်အချို့ PDF များရရှိ

စစ်ကောင်စီတပ် ထောက်ပို့ရဟတ်ယာဉ်မှချပေးသည့် ၇၃ မမဒုန်းနှင့် ကျည်အချို့ PDF များရရှိ

ဖေဖော်ဝါရီလ ၂၀ ရက်

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ချပေးသော လက်နက်ပိုင်းဆိုင်ရာနှင့် ၇၃ မမ ဒုံးကျည်(ခွင်းကျည်)များအား ဒေသခံကာကွယ်ရေးတပ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ယမန်နေ့တွင် တိုက်ပွဲပြင်းထန်ရာ ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ် ဝီသဲခူးကျေးရွာအနီးရှိ ငါးကန်များရှိရာကွင်းပြင်သို့ စစ်ကောင်စီတပ်မှ ထိုပစ္စည်းများအား ဒီကနေ့ မနက်ပိုင်း ၆ နာရီ ၃၀ မိနစ်ခန့်တွင် လာရောက်ချပေးခဲ့ရာတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ရရှိခဲ့ခြင်းဖြစ်သည်။ 

ပစ္စည်းတွေထဲမှာ လက်နက်နဲ့ဆိုင်တဲ့သေတ္တာတွေ ကျည်တွေနဲ့ ဒုံးတွေပေါ့နော် စကစ နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်တဲ့ကြားကိုကျတာ အချို့ကိုတော့ ကာကွယ်ရေးတပ်တွေကရလိုက်တယ် အချိုု့ကိုတော့ သူတို့ဘက်က စနိုက်ပါနဲ့ ထောက်ထားတဲ့အတွက် သွားယူလို့မရဘူးဟု ကရင်နီနယ်တွင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်သားတစ်ဦးကပြောသည်။ 

ထိုပစ္စည်းများအား စစ်ကောင်စီတပ်ဘက်မှလာရောက်ယူဆောင်သူတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ လာရောက်ယူဆောင်သူများ ဒီကနေ့မနက်ပိုင်းတွင် တိုက်ပွဲခဏကြာဖြစ်ပွားခဲ့သေးကြောင်းသိရသည်။ 

စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့်ချပေးသည့်ထိုပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးတပ်များမှ ရရှိကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တရားဝင်ထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။ 

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်မှ လကြောင်း၊ ကြည်းကြောင်း၊ လက်နက်ကြီး များ အဆမတန် ပစ်ခေတ် ခြင်းကြောင့် ပျက်စီးဆုံးရူံးမူများ ရှိနေခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အားလုံး ညီညွတ် စွာ ပူးပေါင်း၍ ခုခံ ကာကွယ်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required