ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရသစ်အပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဘယ်လောက်မျှော်လင့်လဲ

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရသစ်အပေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဘယ်လောက်မျှော်လင့်လဲ

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ။ ။ အစိုးရက ဦးစီးကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ရက်ထိ ငါးရက်တာကျင်းပခဲ့ပါတယ်။ ညီလာခံမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့၊ အစိုးရဘက်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ဖိတ်ကြားထားသူ ၇၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ ညီလာခံအပြီးမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ နာယက ဦးခွန်ဥက္ကာကို မဇ္ဈိမက ညီလာခံမှာ ဆွေးနွေးမှုများ အပေါ် သုံးသတ်ချက် နှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေအချို့ကို မေးမြန်းထားပါတယ်။

“ အခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်လှစ် နိုင်တဲ့သွားတာကတော့ အကြေားအမျိုးမျိုးကြောင့် နှောင့်နှေးမှုရှိခဲ့ပေမယ့် ရလာဒ်ကောင်းတစ်ခု ထွက်တယ်လို့ ကျွန်တော်ပြောနိုင်တာပေါ့ဗျာ၊ အဲ့ဒါ အားသာချက်ပါ၊ NCA ကို အာလုံးလက်ခံတယ်၊ ထိုးဖို့လည်း သဘောတူတယ်" ဟု ဦးခွန်ဥက္ကာကပြောပါတယ်။

မေး ။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြောင်းကို  ဦးခွန်ဥက္ကာရဲ့ အမြင်သဘောထားကို ပြောပြပေးစေလိုပါတယ် ခင်ဗျား။ 

ဖြေ ။ တပ်မတော်ရဲ့ သဘောထားအရေးကြီးတယ်။ နိုင်ငံရေးပါတီများရဲ့ သဘောထား အရေးကြီးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ သဘောထားအရေးကြီးတယ်။ အဲ့ဒါပဲ ကျန်တဲ့ အစုအဖွဲ့တွေကတော့ အရန်ပေါ့။ ဒီသုံးဖွဲ့အကြီးတွေမှာ ဝမ်းသာစရာကောင်းတာက သိသာထင်ရှားကွဲလွဲမှု ဒီလောက်မရှိဘူး လုံးဝမတူဘူး၊ တယောက်ကအဖြူ တယောက်ကအမဲ အဲ့ပုံစံအမြင်မရှိဘူး။ အားလုံးက မတိမ်းမယိမ်း၊ မသိမသာ ကွာခြားတာရှိပေယ်မဲ့ လွတ်လွတ်ကျွတ်ကျွတ်ကွာဟတာ မရှိတော့  ဒါဟာကောင်းတဲ့ လက္ခဏဖြစ်ပါတယ်။ 

နောက်ပြီးတော့ အခုတစ်ပတ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလုပ်တယ်ဆိုတာက အစဖောင်ဒေးရှင်းချတဲ့ ညီလာခံဖြစ်တယ်၊ ဖောင်ဒေးရှင်းချတဲ့ ညီလာခံဖြစ်တော့ ယုံကြည်မှုတည်ဆောက်တယ်။ ရင်းနှီးမှုတည်ဆောက်တယ် ဆိုတဲ့ အဆင့်ကျော်ရုံပဲရှိတယ် ထဲထဲဝင်ဝင် တကယ့် Issueတွေကို အလေးနက် ဆွေးနွေးငြင်းခုံရမယ့်ဟာက ဒီတစ်ပတ်မဟုတ်ဘူး။ ဒါကြောင့် ကြီးကြီးကျယ်ကျယ်ငြင်းခုံတာတွေ၊ အတိုက်အခံဖြစ်တာတွေ မရှိဘဲနဲ့ ဒီလက်ဝှေ့ပွဲမှာ ပထမတချီမှာ သိပ် အကြီးအကျယ်မထိုးဘဲနဲ့ဗျာ၊ သူကဘယ်လိုလာတယ်၊ ငါက ဘယ်လိုတယ်၊ သူခြေထောက် ဘယ်လိုလာတယ် လက်ဘယ်လိုလာတယ်၊ အကဲစမ်းတဲ့ပွဲလို ဖြစ်နေတာ နိုင်ငံရေးဆွေးနွေးပွဲအနေနဲ့ပြောရရင်ပေါ့။

မေး ။ တစ်ကယ့်ငြိမ်ချမ်းရေးနိုင်မယ့်အကြောင်းတွေက ဘာတွေများလဲ ခင်ဗျား။ 

ဖြေ ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေက သိပ်များတယ် ဖြစ်တာလည်း ကြာပြီဆိုတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲက နေပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ခေါ်တဲ့ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ညီလာခံ။ ဒါပေမဲ့ တကယ်ဆွေးနွေးတာက နိုင်ငံရေးကို ဆွေးနွေးတာပဲ ဒီနိုင်ငံရေးဆွေးနွေးပွဲများနေ ပြီးတော့ အဖြေရလာတဲ့အချိန်ကြရင်တော့ တူညီချက်တွေပေါ်လာတဲ့ အချိန်ကြရင်တော့ ကျွန်တော့်တော့ တကယ့်ငြိမ်းချမ်းရေးရမယ်လို့ ယူဆပါတယ်။

မေး ။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အစိုးရက ဆန္ဒစောပြီးလုပ်တယ်လို့ မြင်ကြနေကြသူတွေ အပေါ်မှာ ဘာများပြောချင်ပါလဲခင်ဗျား။

ဖြေ ။ ဒါကြောင့် အခု ခုခံပြီးတော့ပြောရရင်တော့ တချို့ကစွပ်စွဲတယ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အဆင့်ကျော်တယ် ဆန္ဒစောတယ်ပေါ့၊ ကျွန်တော်အမြင်ကတော့ အဆင့်လည်းမတက်ဘူး။ ဆန္ဒလည်းမစောဘူး ဘာကြောင့်လဲဆိုတော့ ဒီလက်ရှိမကြာခင်ထွက်ခွာမယ့် အစိုးရအနေနဲ့ သူ အချိန်လုပြီးတော့ လုပ်နိုင်သလောက် လုပ်တဲ့အချိန်မှာ သူရရှိတဲ့ ရလာဒ်ပဲ၊ သူ့သမိုင်းမှတ်တိုင်ပဲ၊ အဆင့်၃ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းဆိုတာကို အဆင့်၄ဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့တွဲပြီးတော့ တပြိုင်တည်းကျင်းပတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွင့်ပွဲနေ့မှာတွေ့ပါလိမ့်မယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သဘောဆောင်တဲ့ အဖွင့်လုပ်တယ်။ လက်တွေ့ထိုင်ဆွေးနွေးလိုက်တော့ ဒီအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအဆင့် ရောက်သွားတယ်။ ညီလာခံအဆင့်လျော့ချပြီးတော့ အခု သုံးရက်လေးရက်အတွင်း ကျွန်တော်တို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သွားတယ်။ ဒါကြောင့်အမျိုးသားအဆင့်နိုင်ငံရေး အဆင့်ကျော်တယ်။ ဆန္ဒစောတယ်ဆိုတာ မဟုတ်ဘူးပေါ့ဗျာ။

မေး ။ NCAစာချုပ်အရ ငြိမ်းချမ်းရေးညီလာခံကို လေးလတစ်ကြိမ်ခေါ်ရမယ်။ ဒုတိယအကြိမ်ကျရင် ကျန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကို အဖွဲ့ အစည်းတွေ ပါလာနိုင်ပါလားခင်ဗျား။ 

ဖြေ ။ နောက်တစ်ချက်က ဒီညီလာခံက မပြည့်စုံဘူးလို့ပြောကြတယ်၊ မပြည့်စုံဘူး ကျန်တဲ့သူကျန်တယ်လို့ပြောကြတယ် မှန်ပါတယ် ရာခိုင်နှုန်းပြည့်တော့မပြည့်စုံဘူး၊သို့သော် ရာခိုင်နှုန်း ခုနှစ်ဆယ်၊ ရှစ်ဆယ်တော့ ပြည့်စုံတဲ့ညီလာခံလို့ ပြောလို့ရတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေကို တခါးမပိတ်ထားဖို့လိုတယ်။ လမ်းမပိတ်ထားဖို့လိုတယ် ကျန်တဲ့ခဲ့ အဖွဲ့အစည်းတွေအတွက်ကတော့ တံခါး မပိတ်ထားဖို့ လိုတယ်၊ လမ်းမပိတ်ထားဖို့ လိုတယ်။  

အဲ့ဒီအဖွဲ့အစည်းတွေအတွက် စဉ်းစားစရာတွေ ဂုဏ်သိက္ခာရှိရှိနဲ့ ပါဝင်နိုင်အောင်ဖွင့်ထားတွေက ရှိရမယ်။ ရှိရမယ့်ဆိုတော့ အဲ့ဒါအတွက်က ကျွန်တော်တို့ ဖွင့်ပွဲမှာ မပါနိုင်ရင် ထဲထဲဝင်ဝင် တစ်ကယ့်အလေးအနက်ထိုင်ပြီး ဆွေးနွေးမယ့်ပွဲမှာ ပါလာဖို့လိုတယ်။ ဒီနိုင်ငံရေးဆွေးပွဲ ဖြစ်စဉ်ဟာ ကျွန်တော်မှန်းတာက သုံးနှစ်နှင့် ငါးနှစ်မှန်းတာ အဲ့ဒီ သုံးနှစ်နဲ့ ငါးနှစ်အထိ မှန်းထားတဲ့ ပွဲကျတော့ ဒီနိဂုံးချုပ်မှာ အားလုံးမပါလာပဲနဲ့တော့ နိုင်ငံရေးအဖြေကရမှာမဟုတ်ဘူး၊ ဒါကြောင့် အားလုံးပါဖို့က အချိန်ကတော့ အခုတစ်ဖြတ်ဆိုရင် (NCAစာချုပ်)အရဆိုရင် လေးလတစ်ကြိမ်ခေါ်ရမှာကိုး
ဒုတိယအကြိမ်ခေါ်နိုင်ရင် အဲ့ဒီချိန်မှာတော့ ကျွန်တော်ထင်တယ် တိုင်းရင်သားတွေဘက်က အာလုံးလို ပါလာမယ်လို့ ကျွန်တော်မျှော်လင့်တာပေါ့နော်၊ အခုကတော့ မပါနိုင်သေးဘူး။ အစိုးရဘက်ကတော့ အပြည့်အဝပါတယ်၊ နိုင်ငံရေးပါတီ တွေ အပြည့်အဝပါတယ်။ ကျန်တဲ့အင်အားစုတွေ အားလုံးပါတယ်။ ကျွန်တော့်တို့တိုင်းရင်းသားဘက်က တချို့ကျန်တယ်။ ကျန်နေတဲ့ ဘက်ကလည်း သူတို့ရဲ့ တွက်ကိန်းနဲ့ သူတို့ပေါ့ဗျာ။ နောက်အစိုးရကို မျှော်တာရှိတယ်၊ နောက်လာမယ့် အစိုးရပေါ်လစီကို စောင့်တာရှိတယ်၊ သို့သော်လည်းပဲ စောင့်ရင်းစောင့်ရင်းနဲ့ ဒီရွေ့လျားမှုက တဖြေးဖြေး အရှိန်လာရတဲ့အပေါ်မှာ သိပ်ပြီးတော့ စောင့်ရင်း စောင့်ရင်းနဲ့ သိပ်အဝေးကြီး ကျန်ခဲ့ရင်တော့ လိုက်ရခက်လာနိုင်တယ်၊ရထားကတော့ ထွက်နေပြီး နောက်ထပ် ရထားတစ်စီးတော့ မရှိတော့ဘူး၊ ဘာဖြစ်ဖြစ် တစ်ဘူတာမဟုတ် တစ်ဘူတာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေက ပါလာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တာပေါ့ဗျာ။

မေး ။  သမ္မတဦးသိန်းစိန်လက်ထက်မှာ အခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံလုပ်ခဲ့ပြီ၊ အဲ့ဒီကြိုးစားခဲ့တဲ့ အခြေအနေ အပေါ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုမြင်မိလဲခင်ဗျား။

ဖြေ ။ ကျွန်တော့်အမြင်ကတော့ ၂၀၁၁ခုနှစ်၊ သြဂုတ်လမှာ သမ္မတရုံးအနေနဲ့ စတင်ဖိတ်ခေါ်တယ်၊ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပါ ဆိုပြီး အဲ့သလို စတင်ဖိတ်ခေါ်တဲ့အချိန်မှ ကျွန်တော်က ကန့်ကွက်တယ်၊ မလုပ်ပါနဲ့ ပြည်နယ်အဆင့် ပြောရင် ပြည်နယ်အစိုးရက အာဏာမှမရှိဘဲ အာဏာမရှိတဲ့ ပြည်နယ်အစိုးရ လက်ထက်မှာ ကျွန်တော်တို့  အဲ့ဒီအဆင့်က သွား။ အချိန်ကုန်တယ်။ ပြည်ထောင်စုအဆင့် တစ်ဆင့်တည်းနဲ့ ဆွေးနွေးပါ၊ ဒါကို ကျွန်တော်တို့ ပြန်တင်ပြတယ်၊ ဒုတိယ ပြန်တင်ပြတာက တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း မလာခိုင်းပါနဲ့။ ကျွန်တော်တို့ဆီမှာ စုပြီးသား (၁၂)ဖွဲ့ရှိတယ်၊ တစ်ခါတည်း ခေါ်လာလိုက်မယ်။ သဘောတူရင် တစ်ခါတည်း ထိုးလိုက်ရင် မမြန်ဘူးလား။ ဒါပေမယ့် အစိုးရက သတိထားတယ်၊ စိုးရိမ်တယ်။ ဒါကြောင့် သူထားတဲ့ အဆင့်တွေ အတိုင်း သူက အချိန်ဆွဲလိုက်တော့ မလိုအပ်ဘဲနဲ့ ကြာတယ်။ အဲ့ဒါ ပထမ အစိုးရကြောင့်ကြာတာ။ 

ဒုတိယ စစ်တပ်ကြောင့်ကြာတာ ဘယ်တေ့ာလဲဆိုတော့ ၂၀၁၄ခုနှစ် သြဂုတ်လမှာ တော်တော်လေး ပြည့်ပြည့်စုံစုံရနေတဲ့အချိန်မှာ တပ်မတော်ဘက်က နောက်ပြန်ဆုပ်ပြီးတော့ DDR လို့ ခေါ်တဲ့ လက်နက်ဖြုတ်သိမ်းရေး၊တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး DDRကို လမ်းပြမြေပုံထဲမှာ လာထည့်တာ၊ ကျွန်တော်တို့က ဖြုတ်လိုက်တယ်၊ သူတို့ လာတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း လက်မခံတဲ့အခါကျတော့ ဆွေးနွေးပွဲက သုံးလလောက်ပျက်သွားတယ်။ အဲ့ဒီမှာ နိုဝင်ဘာလမှာမှာ နှစ်ဖက်ပြန်ညှိပြီးတော့ ကျွန်တော်တို့က ဆွေးနွေးပွဲ ပြန်စနိုင်တယ်။ 

နောက်ဆုံး တစ်ခုကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က အားနည်းတာ။ ဘာလဲဆိုတော့ ၂၀၁၅ ထဲမှာ အပြီးအပြတ် လုပ်ရမယ့် ကိစ္စတစ်ခု ၂၀၁၅ မတ်လ ၃၁ ရက်နေ့မှာ မူကြမ်းကို လက်မှတ်ထိုးလိုက်တယ်၊ သမ္မတ ကိုယ်တိုင်လာယူသွားတယ်။ အားလုံးအဆင်ပြေနေတယ်။ သို့သော် နည်းနည်းလိုသေးတယ်ဆိုပြီးတော့ လော်ခီးလာကို ပြန်ခေါ်တယ်။ လော်ခီးလာခေါ်တဲ့အချိန်မှာ ကြားထဲ မြောက်ပိုင်းက အင်အားကြီးဖြစ်တဲ့ ဝက သူ့ညီလာခံကို လာတက်ပါလို့ ခေါ်တော့ ကျွန်တော်တို့က သွားတက်တော့ တစ်လလောက် ဝ ဆီရောက်သွားတာပေါ့။ ကျွန်တော်တို့ ထင်တာက ဝ က သူ ကျွန်တော်တို့ထဲ ဝင်ချင်လို့ ခေါ်တယ်လို့ထင်တာပေါ့။ ဒါပေမယ့် လက်တွေ့ကျတော့ မဟုတ်ဘူး။ ဝ က သူ့ စီမံချက်နဲ့ သူရှိတော့ သူ့စီမံချက်ကို ထုတ်ပြတဲ့အခါကျတော့ ကျွန်တော်တို့က အလုပ်မဖြစ်ဘူး။ အလုပ်မဖြစ်ဘဲ ပြန်လာတဲ့အခါကြတော့ NCA ညှိရမယ့်ဟာ တစ်လလောက် ပုတ်သွားတယ်။ 

ပြီးတော့ ကျွန်တော်တို့ပြန်ညှိတဲ့အခါကျတော့ ကြီးငါးကြီးကို လွှတ်တာ စက်တင်ဘာလမှာ၊ ကြီးငါးကြီးကလည်း မဖြတ်နိုင်တဲ့အခါကြတော့ နောက်ဆုံး ကျွန်တော်တို့မှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ဖြစ်သွားပြီးတော့ လက်မှတ်ထိုးတဲ့အဖွဲ့က (၈)ဖွဲ့၊ လက်မှတ်မထိုးတဲ့အဖွဲ့က (၆)ဖွဲ့ပေါ့နော် ကျန်ခဲ့တယ်။ ဘာကြောင့်ဒီလို ဖြစ်သွားလဲဆိုတော့ ဒီဖိတ်ကြားမှုကို အားလုံးကို ဖိတ်စာမရဘူး၊ ဖိတ်စာရတာက အားလုံး (၁၅)ဖွဲ့ရတယ်၊ အဒီအထဲမှာ နာဂအဖွဲ့က အိန္ဒိယအစိုးရအဖွဲ့ကန့်ကွက်တော့ မပါနိုင်တော့ (၁၄)ဖွဲ့ကျန်တယ်၊ ဖိတ်စာရတဲ့ (၁၄)ဖွဲ့က လက်မှတ်ထိုးခြင်း မထိုးခြင်းကို ဆုံးဖြတ်နိုင်တယ်။ သို့သော် (၈)ဖွဲ့က ထိုးဖို့ ဆုံးဖြတ်ပြီးတော့ ကျန်တဲ့(၆)ဖွဲ့က ထိုးဖို့ စောင့်ကြည့်အုံးမယ်။ ရွေးကောက်ပွဲပြီးမှ အစိုးရ အသစ်နဲ့အလုပ်လုပ်မယ်ဆိုပြီး ကျန်ခဲ့တာဖြစ်တော့ အဲ့ဒီဟာက ဘယ်သူမှန် ဘယ်သူမှားတော့ မပြေဘူးပေါ့လေ၊ ဒီအထိ ဖြတ်သန်းလာတဲ့ အခါကျတော့ ကျွန်တေ်ာတို့က အဆင့်တစ်ခုရောက်လာပြီ၊ ရောက်လာတော့  သမ္မတကြီးဦးသိန်းစိန် စတင်ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကနေစကခဲ့ လုပ်ငန်းစဉ်ဟာ အခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်လှစ်နိုင်တဲ့သွားတာကတော့ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုရှိခဲ့ပေမယ့် ရလာဒ်ကောင်းတစ်ခု ထွက်တယ်လို့ ကျွန်တော်ပြောနိုင်တာပေါ့ဗျာ။ အဲ့ဒါ အားသာချက်ပါ။ NCA ကို အာလုံးလက်ခံတယ်။ ထိုးဖို့လည်း သဘောတူတယ်။ ဒါပေမယ့် အခု ထိုးမလား နောက်မှ ထိုးမလား တိုင်ပင်မှာကျတော့  ကျွန်တော်တို့က အခု သူတို့နောက်ပါ။ အခုဆိုလည်း နောက် အချိန်ထဲရောက်လာပါပြီ။ 

မေး ။ ဝ တပ်ဖွဲ့ က ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ပါဝင်သက်မှုအကြောင်းနဲ့ ၀ တပ်ဖွဲ့ရဲ့ သဘော ထားလေး သိလို့ရမလားခင်ဗျား။

ဖြေ ။ ဒီမြောက်ပိုင်း ဝ အဖွဲ့က သူ့မှာ အာသားချက်နဲ့ အားနည်းချက် နှစ်ခုရှိတာပေါ့။ သူ့အားသာချက်က ဘာလဲဆိုတော့ သံလွင်အရှေ့ခြမ်း သူ့နယ်မြေပေါ့ မြို့နယ်(၆)ခုရှိတဲ့ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်းက သူ့တို့အနေ နဲ့  ဒီ တိုက်ရိုက်အုပ်ချုပ်နိုင်တဲ့ အခြေအနေရှိတယ်၊ ဒီဖက်တိုပေါ့ဗျာ၊ ဥပဒေအကြောင်းအရ တရားဝင်တော့ မဟုတ်ဘူး။ ထိန်းနိုင်တဲ့အခြေအနေရှိတယ်။ အဲ့လို ထိန်းသိမ်းနိုင်တဲ့အခြေအနေက အားသာချက်ဖြစ်နေတယ်။ ဒါပေမယ့် အားနည်းချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရသော်လည်းကောင်း ဥပဒေအကြောင်းအရသော် လည်းကောင်း အသိအမှတ်ပြုတာ မခံရဘူး။ နိုင်ငံရေးအရဆိုတာ ဘာလဲ။ ဥပမာ ဝဒေသမှာ ဝပြည်နယ်အစိုးရ သူတို့ နာမည်တပ်ပြီးတော့ သူတို့ အစည်းအဝေးတွေလုပ်နေတာပေါ့ ခေါ်နေတာပေါ့၊ သု့ိသော် ဒီမွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြနယ်အရှ့ခြမ်း၊ ဒီပြည်နယ်တွေက ဝပြည်နယ်ကို ထောက်ခံတယ်ဆိုတဲ့ဟာ နိုင်ငံရေး ပြောဆိုတာ ကျွန်တော် မကြားသေးဘူး၊ အရေးအကြီးဆုံးက ရှမ်းပေါ့ဗျာ၊ ရှမ်းအင်အားစုတွေက ဒါကို ရသင့် ရထိုက်တဲ့လုပ်ငန်းပဲ ထောက်ခံတယ်လို့ နိုင်ငံရေးအရ ရကောင်းတေးရှင်းမတွေ့သေးတော့ သူတို့ ကြိုးပမ်းရဦးမှာ။ နောက်တစ်ခုကျတော့ ဥပဒေအကြောင်းအရ ကြိုးပမ်းရအုံးမှာ ဥပဒေအကြောင်းရ ဘာလဲဆိုတော့ လက်ရှိ ဥပဒေကြောင်းအရ တည်ဆဲဖွဲ့စည်းပုံမှာတော့ သူ့တို့ကို ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရတိုင်းလို့ သတ်မှတ်ထားတယ်။ အဲ့ဒီအဆင့်ကနေ သူတို့ ထပ်လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပြည်နယ်အဆင့်တိုးချင်ရင် ဒီဥပဒေကြီးကို ပြင်လိုက်ရမှာ၊ အခုအချိန်အထိ ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခွင့်မရသမျှတော့ ဥပဒေကြောင်းအရ သူတို့အဆင့်ကလည်း တက်ဖို့မလွယ်ဘူး။ ဥပဒေကြောင်းအရ ကြိုးပမ်းမှုနဲ့ နိုင်ငံရေးကြိုးပမ်းမှုနှစ်ခုကို လုပ်ရမယ်၊ လုပ်ရတဲ့အခါကျတော့ အခု ဥပဒေကြောင်းအရ၊နိုင်ငံရေးလုပ်ဖို့ ကွင်းက ဒီကွင်းရှိတယ်။ ပြည်ထောင်စုငြိမ်းချမ်း ညီလာခံ ဒီကွင်းမှာ လာလုပ်ရမယ်၊ ကွင်းမှာလာပြီးတော့ ဟေ့ မွန်ပြည်နယ်ကအဖွဲ့တွေ တို့က ဝပြည်နယ်က တို့ ဝပြည်နယ်တည်ရှိမှုကို ထောက်ခံကြပါ စသဖြင့်ပေါ့ဗျာ အဲသလိုနဲ့နိုင်ငံရေးအရစုစည်းမှုကို ပြရမယ်။ တစ်ဖက်ကလည်း ဥပဒေအသစ်စွဲနေကြမယ်၊ အခုဆို ဖက်ရရယ်မူအသစ်တွေစွဲနေကြတယ်၊အဲ့ဒီဖက်ရရယ်မူအသစ်ထဲ မှာ ပြည်နယ်အသစ်တွေ ပေါ်ထွန်းခွင့်ဆိုတဲ့ ပုဒ်မတွေဘာတွေ ထည့်ဖို့ ဒါမျိုးတွေ ပါလာရင်တော့ သူက ဥပဒေ အရလဲ ထွက်ပေါက်ရှိသွားမယ်၊ နောက်ပြီးတော့နိုင်ငံရေး အရလည်း ထောက်ခံမှုရသွားမယ်။ အဲ့ဒီနှစ်ခုကြားမှာ ဝက အခက်အခဲ ရှိတယ်နေလို့ ပြောနိုင်ပါတယ်နော်။ 

မေး ။ အစိုးသစ်လက်ထပ်မှာရော ငြိမ်းချမ်းဖြစ်စဉ်လုပ်ငန်းနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ မျှော်လင့်ထားပါလဲခင်ဗျာ့။

ဖြေ ။ ကျွန်တော်တို့တွက်တာက အစိုးရသစ်မှာ  ငြိမ်းချမ်းရေးဖြစ်စဉ်က သူရဲ့ ဦးစားပေးဖြစ်ချင်မှဖြစ်မယ်၊ အစိုးရ သစ်ရဲ့ ပထမဦးစားပေးက တရားဝင်အာဏာလွှဲပြောင်းရေးဖြစ်တယ်။ သူ့လက်ထဲမှာ အာဏာအရင်ရအောင် လုပ်ပြီးတော့မှ သူ့လက်ထဲ အာဏာလုပ်ပိုင်ခွင့်ရပြီဆိုရင် သူရင်ဆိုင်မှာက သမ္မတတွေ ရွေးချယ်ရမယ်၊ အစိုးရအဖွဲ့ အဖွဲ့ရမယ်၊ အစိုးရအဖွဲ့တွေ၊ သမ္မတတွေ ရွေးပြီးတဲ့နောက်မှာ ဒီအစိုးရအဖွဲ့က အလုပ်လုပ်နိုင်တဲ့ အစိုးရဖြစ်ဖို့ အာဏာသက်ရောက်တဲ့ အစိုးရဖြစ်ဖို့ ကြိုးပမ်းရမယ်၊ အစိုးရတိုင်းမှာ အဲ့ဒီလို ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံအရဆိုရင် တစ်ချို့က ခြောက်လထားပေးတယ်။

ရက်ပေါင်းတစ်ရှစ်ဆယ်အတွင်းမှာ အစိုးရက သူ့ရဲ့ ဟန်းနီးမွန်းကာလခေါ်တာပေါ့။ အစိုးရသစ်ရဲ့ စောင့်ကြည့်နေရတာ ဘာတွေလုပ်မလဲပေါ့။ အာ့ဒါဆိုတော့ ဒီလောလောလတ်လတ် ဒီအစိုးရအသစ်က အစိုးရလည်းဖြစ်ရော ဒီပြဿနာကိုပဲ အရင်ကိုင်မယ် ဆိုတာတော့ ဟုတ်ချင်မှဟုတ်မယ်၊ လွှဲပြီးတော့ အရန်ကိစ္စတပ်ရပ်အနေနဲ့ သော်လည်းကောင်း၊ ဘေးထွက် ကိစ္စအနေနဲ့ ကိုင်ချင်ကိုင်တွယ်မယ်။ မူလအစိုးရရဲ့ ခိုင်မြဲမှုနှင့်တည့်တံ့မှုကို ရုန်းကန်ဖို့လိုတယ့်အခါကျတော့ အဲ့ဒါနဲ့ တပြိုင်နက်ထဲသွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်ထင်တယ် ခြောက်လနဲ့ တစ်နှစ်ကြားမှာ ဒီငြိမ်းချမ်းရေးကိစ္စက တစ်ခါတည်း အပြီးအပြတ် ရောက်အောင် ဒါမှမဟုတ် ကြီးကြီးမားမားကြီးတိုးတက်သွားမယ်လို့တော့ ကျွန်တော် မထင်ဘူး။ လက်ရှိ အနေအထားကို ရွေ့သွားပြီးတော့ ဒီဟာမျိုးလေးလတစ်ကြိမ်ခေါ်ဆိုလည်း ငါးရက်လောက်ခေါ်လိုက်တယ်၊ မရရင် အစိုးရသစ် ရုန်းကန်နေရတဲ့အချိန်မှာ နောက်ထပ်လေးလလောက်ပြန်ခေါ်မယ်၊ လေးလ နှစ်ခါလောက် ခေါ်ပြီးတော့မှ တစ်ကယ့် ပွဲကြီး ဖြစ်ချင် ဖြစ်လာနိုင်တယ်။ အဲ့ဒါက ကျွန်တော်တွက်ကြည့်တာပေါ့လေ။

ကျေးဇူးပါခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags