ရုရှား-ယူကရိန်းအကျပ်အတည်းက ထိုင်ဝမ်ကျူးကျော်မှုအတွက် တရုတ်အစီအစဉ်ကို အားပေးနေ

ရုရှား-ယူကရိန်းအကျပ်အတည်းက ထိုင်ဝမ်ကျူးကျော်မှုအတွက် တရုတ်အစီအစဉ်ကို အားပေးနေ

ရုရှား-ယူကရိန်းနယ်စပ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကို တစ်ကမ္ဘာလုံးက အနီးကပ် စောင့်ကြည့်နေချိန် တွင် နောက်ထပ် စောင့်ဆိုင်းနေသည့် ကပ်ဘေးတစ်ခုမှာ ထိုင်ဝမ်ကို ကျူးကျော်မည့် တရုတ်၏ အစီအစဉ်ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် Global Strat View အဖွဲ့၏ အစီရင်ခံစာတွင် ထိုင်ဝမ်လေပိုင်နက်အတွင်း တရုတ်တိုက် လေယာဉ်အများအပြား အင်တိုက်အားတိုက် ကျူးကျော်ဝင်ရောက်မှုများနှင့် စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ အမေရိကန်အား တရုတ်က ပွင့်လင်းမြင်သာစွာသတိပေးချက်များအရ တရုတ်သည် ကိုယ်ပိုင်အုပ်ချုပ် နေသောထိုင်ဝမ်ကျွန်းအား အတင်းအကျပ်သိမ်းပိုက်ရန် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

Global Strat View ၏အဆိုအရ တရုတ်သည် ရုရှား-ယူကရိန်းအကျပ်အတည်းအပေါ် ကမ္ဘာ့တုံ့ပြန်မှုနှင့် ရုရှားကျူးကျော်လာပါက စစ်အင်အားကြီးနိုင်ငံများက မည်သို့ဝင်ရောက်စွက်ဖက်မည်ကို တရုတ်အစိုးရက စောင့်ကြည့်ခဲ့သည်။

ယင်းအခြေအနေများသည် တရုတ်၏ နယ်ချဲ့ရေးအစီအစဉ်၏ အနာဂတ်အနေအထားကို ဆုံးဖြတ် နေပုံရသည်။

ထိုင်ဝမ်အား တရုတ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ဖြစ်နိုင်သမျှ နည်းလမ်းပေါင်း စုံဖြင့် ပေါင်းစည်းရေးဆောင်ရွက်မည့် ယင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ တရုတ်က မည်သည့်အခါမှ နှုတ်ဆိတ်မနေခဲ့ပေ။

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုသည် လက်ရှိယူကရိန်းအကျပ်အတည်းထက် ပိုမိုပြင်းထန်မည်ဖြစ်ပြီး ယင်းသည် ဒေသတွင်းပဋိပက္ခတစ်ခုမျှသာမကတော့ဘဲ အနောက်နိုင်ငံကြီးများပါဝင်သည့် အဓိက လက်နက်ကိုင် ပဋိပက္ခ အဖြစ်သို့ ကူးပြောင်းသွားနိုင်ကြောင်း Global Strat View က ဖော်ပြခဲ့သည်။

ထိုင်ဝမ်နှင့် ဆက်ဆံရေးကောင်းရန် ကြိုးပမ်းနေသည့် နိုင်ငံအသီးသီးကို တရုတ်က ပြင်းပြင်းထန်ထန် တုန့်ပြန်လျက်ရှိသည်။

ဆလိုဗေးနီးယားသည် ထိုင်ဝမ်တွင် ကိုယ်စားလှယ်ရုံးဖွင့်ရန် ဆုံးဖြတ်လိုက်သောကြောင့် တရုတ်၏ ပြင်းထန်သော တုန့်ပြန်မှုများခံနေရသည့် နောက်ဆုံးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly