အိန္ဒိယကျောင်းသားများအတွက် ဩစတြေးလျက ပညာသင်ဆု ဒေါ်လာ ၁၁ သန်း ပေးအပ်မည်

အိန္ဒိယကျောင်းသားများအတွက် ဩစတြေးလျက ပညာသင်ဆု ဒေါ်လာ ၁၁ သန်း ပေးအပ်မည်

အိန္ဒိယနိုင်ငံမှ ကျောင်းသားများအနေဖြင့် ဩစတြေးလျနိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ၄ နှစ် ပညာသင်ကြားနိုင်စေရန် အမေရိကန်ဒေါ်လာ ၁၁ သန်းပေးအပ်မည့် 'Maitri' ချစ်ကြည်ရေး ပညာသင်ဆု အစီအစဉ်အား ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီဆေပေနေးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နှစ်နိုင်ငံအကြား ပညာရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ်သစ်များကိုလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ချစ်ကြည်ရေး အစီအစဉ်သစ်များဟု အဓိပ္ပါယ်ရသည့် 'Maitri' အစီအစဉ်ကို ကြေညာခဲ့သည်။

အဆိုပါ ပညာသင်ဆု အစီအစဉ်တွင် နှစ်နိုင်ငံအနာဂတ်ခေါင်းဆောင်များအကြား ချိတ်ဆက်မှု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကို ၄ နှစ်အတွင်း သုံးစွဲမည်ဖြစ်သလို ဩစတြေးနှင့် အိန္ဒိယပညာရှင်များ မဟာဗျူဟာ သုတေသနအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် လည်း ပံ့ပိုးကူညီသွားမည်ဟု ပေနေးက ပြောကြားသည်။

ယဉ်ကျေးမှုဖလှယ်ရေးတွင် ပံ့ပိုးကူညီရန်နှင့် နှစ်နိုင်ငံစလုံးတွင် တီထွင်ဖန်တီးမှု စက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် Maitri ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ၄ နှစ်အတွင်း ဒေါ်လာ ၆ သန်းကိုလည်း ဩစတြေးလျက ပံ့ပိုးပေးမည်ဖြစ်သည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် နက်ရှိုင်းစွာ ဆက်သွယ်ထားကြောင်းလည်း ပေနေးက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly