ဒီပဲယင်းမြို့နယ် မဲသည်ကျေးရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်

ဒီပဲယင်းမြို့နယ် မဲသည်ကျေးရွာ ကို စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်

ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ တောင်ဘက် တစ်မိုင်ခန့် အကွာရှိ မဲသည်ကျေးရွာ ကို စစ်ကောင်စီတပ်များက ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် လက်နက်ကြီး များဖြင့် အဆက်မပြတ် ပစ်ခတ်၍ ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို ဖျက်ဆီး မွှေနှောက် ခိုးယူ ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

”မနေ့က နေ့လယ် ၁ နာရီခွဲ လောက်ကဗျ။ ဒီပဲယင်း မြို့ထဲကနေ စစ်သား အင်အား ၃၀ လောက် ထွက်လာတယ်ဗျ။ ပြီးတော့ ရွာကလည်း ဒီပဲယင်း မြို့ နဲ့ တစ်မိုင်လောက်ပဲ ဝေးပါတယ်ဗျ။ ရွာဝင်ခါနီး မှာ 60 mm အမျိုးအစား တွေ နဲ့ ပစ်ပြီး သေနတ်တွေ ဖောက်ဝင်လာတယ်။ ရွာထဲက အိမ်တိုင်း လိုလို ဘာမှ ရစရာ မရှိအောင် ဖျက်ဆီး မွှေနှောက် သွားတယ် ဟု” ဒေသခံ PDF တပ်သားက ပြောသည်။

ဒီပဲယင်းမြို့နယ် သည် စစ်ကောင်စီ တပ်များ အကြိမ်ကြိမ် အင်အား ဖြည့်ထားသည့် မြို့နယ် ဖြစ်သည်။ မြို့နယ် အတွင်း ရှိ ကျေးရွာများမှ ဒေသခံများ နေ့စဥ်နှင့် အမျှ ထွက်ပြေး တိမ်ရှောင်နေရပြီး စစ်တပ်က ရွာများကို မီးရှို့ ခြင်း၊ မွှေနှောက် ခြင်းများ ပြုလုပ်လျက်ရှိသည်။

#MizzimaNews

#ဒီပဲယင်း

#စကစ

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required