မင်းတပ်မြို့နယ် ဝမ္မသူးရွာ တိုက်နယ်ဆေးရုံ ပစ္စည်းများကို စစ်ကောင်စီတပ် မီးရှို့

မင်းတပ်မြို့နယ် ဝမ္မသူးရွာ တိုက်နယ်ဆေးရုံ ပစ္စည်းများကို စစ်ကောင်စီတပ် မီးရှို့
ပုံစာ - စစ်ကောင်စီတပ်များ ဝမ္မသူးရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့က ဝင်ရောက်စဉ် ပစ်ခတ်သွားခဲ့၍ ပျက်စီးခဲ့ရသည် ဝမ္မသူး တိုက်နယ်ဆေးရုံ။(ဓာတ်ပုံ- CJ)

ဖေဖော်ဝါရီ ၁၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးရွာ တိုက်နယ် ဆေးရုံမှ ပစ္စည်းများကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံက ပြောသည်။

"ဒါနဲ့ဆိုရင် ဝမ္မသူးရွာထဲကို စစ်ကြောင်းကဝင်လာလိုက်၊ ဖျက်ဆီးသွားလိုက်၊ ပြန်သွားလိုက်နဲ့ သုံးကြိမ် ရှိနေပြီ။ အခုလည်း ဆေးရုံနားမှာ ပစ္စည်းတွေပုံပြီး မီးရှို့ ဖျက်ဆီးနေတယ်တဲ့။ ဝမ္မသူးရွာမှာက တိုက်နယ်ဆေးရုံလည်း ရှိတယ်။ CDM ဆရာဝန်တွေက ဒီရွာမှာ အခြေစိုက်ပြီး ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာကို စစ်တပ်ကလည်း သိလို့ ဖြစ်မယ်'' ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ပုံစာ - စစ်ကောင်စီတပ်များ ဝမ္မသူးရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့က ဝင်ရောက်စဉ် ပစ်ခတ်သွားခဲ့၍ ပျက်စီးခဲ့ရသည် ဝမ္မသူး တိုက်နယ်ဆေးရုံ။(ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ်သည် အဆိုပါရွာသို့ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရောက်လာခြင်း ဖြစ်ပြီး လက်ရှိ တပ်စွဲထားကာ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ချင်းပြည်နယ် ကျေးရွာများတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ချင်းအမျိုးသားနေ့ ကျင်းပရန် စီစဉ်ထားခြင်းနှင့် ဆက်စပ်၍ စစ်ကောင်စီတပ်များ ယခုရက်ပိုင်းအတွင်း အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံက မှတ်ချက်ပြုသည်။

ပုံစာ - စစ်ကောင်စီတပ်များ ဝမ္မသူးရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့က ဝင်ရောက်စဉ် ပစ်ခတ်သွားခဲ့၍ ပျက်စီးခဲ့ရသည် ဝမ္မသူး တိုက်နယ်ဆေးရုံ။(ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ်များသည် မင်းတပ် မြို့ပြင်ရှိ လူမနေသည့် ဌာနဆိုင်ရာ အဆောက်အအုံများတွင် တပ်စွဲထားပြီး ပစ္စည်းကောင်းများ ရှိပါက သက်ဆိုင်ရာဌာန ဦးစီးမှူးများကို မြို့တွင်း လုံခြုံသည့် နေရာများသို့ အဆိုပါ ပစ္စည်းများ ပြောင်းရွေ့ထားရန် ညွှန်ကြားထားပြီး မပြောင်း‌ရွှေ့သည့် ပစ္စည်းများကို စစ်ကားဖြင့် တင်ဆောင်သွားကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required