စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ
ဓာတ်ပုံ- CJလေယာဉ်ပျက်ကျသွားသည် ဆိုသည့် နေရာအနီး ပျံသန်း စစ်ဆေးနေသည့် ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်။ (ရိုက်ကူး - CJ)

ဖေဖော်ဝါရီ ၁၆

စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်း အတွင်း ပျက်ကျခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းဌာနက ယနေ့ ထုတ်ပြန်သည်။

အဆိုပါလေယာဉ်မှာ လေ့ကျင့် ပျံသန်းစဉ် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး အခြားလေယာဉ်ဖြင့် လိုက်လံရှာဖွေရာ စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှ လေသူရဲကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း မြဝတီ ရုပ်သံက သတင်း ထုတ်ပြန်ထားပြီး ရေမျက်ကြီးအင်း အတွင်း လေယာဉ်မောင်းသူ၏ အလောင်း တစ်လောင်း တွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။

#ရေမျက်ကြီးအင်း

#စစ်ကိုင်းတိုင်း

#တိုက်လေယာဉ်ပျက်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly