နဂါးမတောင်ရွာ စာသင်ကျောင်းတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်က ဆဲဆိုစာများရေးသားခဲ့

နဂါးမတောင်ရွာ စာသင်ကျောင်းတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်က ဆဲဆိုစာများရေးသားခဲ့

ဖေဖော်ဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်ရွာရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ ရှစ်ရက်ကြာ တပ်စွဲခဲ့ပြီး ဆဲရေးတိုင်းထွာသော စကားလုံးများကို နံရံများတွင် ရေးခြစ်ခဲ့ကြောင်း သိရသည်။

"ဒီကောင်တွေ ၇ ရက်နေ့လောက်က စပြီး တပ်စွဲတာနဲ့ တူတယ်၊ မနေ့ကမှ ကျွန်တော့်ဆီ ဓာတ်ပုံရိုက် ပို့ပေးတာ၊ ဆဲဆိုထားတဲ့ စာတွေကို" ဟု ပြည်သူ့တော်လှန်ရေး တပ်မတော်PRA မှ ဗိုလ်ဂျပန်က ပြောသည်။

စစ်ကိုင်းတိုင်း အတွင်း စစ်ကောင်စီတပ်များအား ဒေသ ကာကွယ်ရေးတပ်များက အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး စစ်ကာင်စီတပ် အကျအဆုံးများကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ် ပျူစောထီး သင်တန်း နေရာအား ဒေသကာကွယ်ရေးတပ်က တတိယအကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required