ပါကစ္စတန်၏ နျူကလီယား စွမ်းအင်နည်းပညာ တိုးတက်ရေးကို တရုတ် အကူအညီပေးနေ

ပါကစ္စတန်၏ နျူကလီယား စွမ်းအင်နည်းပညာ တိုးတက်ရေးကို တရုတ် အကူအညီပေးနေ

နျူကလီယား စွမ်းအင်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီယား ဓာတ်အားပေး စက်ရုံများ တည်ဆောက် ရာတွင် ပါကစ္စတန်ကို တရုတ်က အကူအညီပေးနေခြင်းက နျူကလီးယားလက်နက်ပြန့်ပွားနိုင်သည့် အန္တရယ်ရှိ နေကြောင်း ကနေဒါအခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သော လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ဖိုရမ်(IFFRAS) က အစီရင်ခံဖော်ပြခဲ့သည်။

ပါကစ္စတန်သည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကာကွယ်ရေးအချက်အလက်များ ပြည့်မီရေး ကို ငြင်းဆိုခဲ့ပြီးနောက်ပိုင်း ကနေဒါသည် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ၁၉၇၆ ခုနှစ်တွင် ပါကစ္စတန်နှင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ကာကွယ်ရေးအချက်အလက်များက IAEA မှ နိုင်ငံတစ်နိုင်ငံသည် ယင်း၏ နျူကလီးယား အစီအစဉ်များ ကို နျူလက်နက်ရည်ရွယ်ချက်အတွက် အသုံးမပြုရန် နိုင်ငံတကာကတိကဝတ်များနှင့်အညီ လုပ်ဆောင်နေ ကြောင်း IAEA က အတည်ပြုနိုင်ပြီး ပါကစ္စတန်သည် အဆိုပါလမ်းညွှန်ချက်များကို လိုက်နာရန် ငြင်းဆို ထား သည်။

ထိုအချိန်မှစ၍ တောင်အာရှဒေသတွင် ဒေသတွင်းအာဏာချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် တရုတ်က ပါကစ္စတန်၏ နျူကလီးယားစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်။

ယင်းလုပ်ရပ်သည် နျူကလီးယားပြန့်ပွားရေးကို တားဆီးရေးကြိုးပမ်းနေသည့် နျူကလီးယား ထောက်ပံ့ရေးနိုင်ငံများ အုပ်စု (NSG) တွင် တရုတ်၏ ကတိကဝတ်များကို ပျက်ပြားစေသည်။

ထို့ပြင် ပါကစ္စတန်သည် ယင်း၏ လုံခြုံမှုမရှိသော နျူကလီးယားအခြေခံအဆောက်အအုံ ကိုလည်း နျူကလီးယားလက်နက်အတွက် ပစ္စည်းထုတ်လုပ်ရေးတွင် လုပ်ကိုင်စေသည်ဟု ပညာရှင်အဖွဲ့က ဖော်ပြခဲ့သည်။

IFFRAS ၏ အဆိုအရ ပါကစ္စတန်သည် ကနေဒါထံမှ အကူအညီကို ငြင်းပယ်ခံရပြီးနောက် အစီအစဉ်ကို ဆက်လက်ဖော်ဆောင်ရာတွင် တရုတ်၏အကူအညီကို ရယူရန် အချိန်များစွာ မယူခဲ့ရကြောင်း ဆိုသည်။

ပါကစ္စတန်၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဖြေရှင်းရာတွင် တရုတ်က ယင်း၏ နျူကလီးယား စွမ်းအင်အစီအစဉ်ကို တည်ဆောက်ရန် အကူအညီပေးနေခြင်းဖြစ်ကြောင်း တရုတ်က အတည်ပြုခဲ့ကြောင်း ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly