မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ နှစ်ဆတိုးလာ

မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ နှစ်ဆတိုးလာ

ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေသည် နှစ်ဆတိုးလာခဲ့ပြီး ယခုအခါ ၈ သိန်းခန့် ဖြစ်လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ (UNHCR) က ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခတိုက်ပွဲများ အရှိန်မြင့်လာစဉ် အေဂျင်စီအနေဖြင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ကြရသူများကို အကူအညီပေးအပ်ရေးအတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်ထားခဲ့ကြောင်း UNHCR ပြောရေးဆိုခွင့်ရှိသူ မက်သရူး ဆော့တ်မာ့ရှ်က ဂျီနီဗာ၌ ဂျာနယ်လစ်များကို ပြောသည်။

“နိုင်ငံအနှံ့မှာ လုံခြုံရေးအခြေအနေက အလျင်အမြန် ယိုယွင်းလာနေပါတယ်။ တိုက်ပွဲတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အရှိန်မြင့်တက်နေပြီး လျော့နည်းမယ့် လက္ခဏာလည်း မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရထံမှ စစ်တပ်က မတရား အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖေါ်ဝါရီလနောက်ပိုင်း ပူပူနွေးနွေး နေရပ်စွန့်ခွာခဲ့ကြရသူဦးရေ ၄၄၀,၀၀၀ ခန့် ရှိခဲ့သလို ထိုမတိုင်မီ အစောပိုင်းကတည်းက နေအိမ်များကနေ စွန့်ခွာထွက်ပြေးရသူ ၃၇၀,၀၀၀ ခန့် ရှိနေပြီးသားဖြစ်ကြောင်း ကုလထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားသည်။

ထို အလားအလာသည် အရှိန်မြန်ဆန်လိမ့်ဦးမည်ဟု အေဂျင်စီဘက်က တွက်ဆနေပြီး ရှေ့လာမည့် သီတင်းပတ်များ၊ လများတွင် နောက်ထပ် နေရပ်စွန့်ခွာရမှုများ ရှိလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required