မင်းတပ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က စစ်ကောင်စီ၏ သိုင်းပြိုင်ပွဲဝင်သူများကို အမျိုးသားသစ္စာဖောက် အဖြစ် သတ်မှတ်

မင်းတပ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က စစ်ကောင်စီ၏ သိုင်းပြိုင်ပွဲဝင်သူများကို အမျိုးသားသစ္စာဖောက် အဖြစ် သတ်မှတ်

ဖေဖော်ဝါရီ ၁၃

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီက ကျင်းပသည့် မြန်မာ့သိုင်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူများသည် မင်းတပ်ပြည်သူများအား ကိုယ်စား မပြုကြောင်းနှင့် အမျိုးသား သစ္စာဖောက်များ အဖြစ် သတ်မှတ်ကြောင်း မင်းတပ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၁ရက်တွင် ထုတ်ပြန် ကြေညာသည်။

ယင်းပြိုင်ပွဲတွင် မင်းတပ်ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်သည့် အဖွဲ့အား ဦးဆောင်သူ ဦးရှိမှုန်၊ မြို့နယ် ကိုယ်စားပြု အမည်ခံ အားကစားသမားများနှင့် ပြည်နယ်နှင့်တိုင်း အားကစား ပြိုင်ပွဲတွင် ပါဝင်သူများ အားလုံးကို ယင်းသို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက နေပြည်တော်ကောင်စီနယ်မြေ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ပြည်နယ်နှင့် တိုင်း မြန်မာ့သိုင်းပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၀ ရက် မှ ၁၄ ရက် အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required