နီပေါနယ်စပ်တလျှောက်ကို တရုတ်က ကျူးကျော်နေ

နီပေါနယ်စပ်တလျှောက်ကို တရုတ်က ကျူးကျော်နေ

နီပေါအစိုးရ၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် နီပေါအနောက်ပိုင်း နယ်စပ်တစ်လျှောက်တွင် ကျူးကျော်ဝင်ရောက်လျက်ရှိကြောင်း စွပ်စွဲထားသည်။

တရုတ်က ဟူမလာခရိုင်တွင် ပိုင်နက်ကျူးလွန်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နှစ် စက်တင်ဘာလတွင် အဆိုပါ အစီရင်ခံစာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

၎င်းကော်မတီသည် နီပေါ-တရုတ်နယ်စပ် အငြင်းပွားမှုကို လေ့လာရန် ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန်အောက်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

နီပေါနိုင်ငံမှ ဟိန္ဒူလူမှုအဖွဲ့အစည်း Rastriya Ekata Abhiyan သည် တနင်္လာနေ့တွင် ကုလသမဂ္ဂထံ စာလွှာ ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံက ဟူမလာခရိုင်တွင် မြေယာများကို ကျူးကျော်သိမ်းပိုက်ထားကြောင်းနှင့် တရုတ်၏ မြေယာသိမ်းပိုက်မှုကို အာရုံစိုက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။

Ekta Abhiyan ဥက္ကဋ္ဌ ဘင်နေယာဒက်သည် ခတ္တမန္ဒူရှိ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ရစ်ချတ် ဟောင်းဝပ်အား စာလွှာကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Khabarhub က ဖော်ပြသည်။ ကော်မတီက အကြံပြုထားသည့်အတိုင်း အရေးယူရန်လည်းနီပေါကွန်ဂရက်ဦးဆောင်သော အစိုးရအား တိုက်တွန်းထားသည်။

“၁၉၆၃ ခုနှစ် နယ်နိမိတ်မျဉ်းဆိုင်ရာလုပ်ထုံးလုပ်နည်းအရ နယ်ခြားတိုင်နံပါတ် ၅ (၂) နှင့် Kit Khola အလယ်ကြားရှိ ဧရိယာအား နှစ်နိုင်ငံနယ်နိမိတ်အဖြစ် အမှတ်အသားပြုထားသည်" ဟု Rastriya Ekta Abhiyan ၏ မေတ္တာရပ်ခံစာတွေင် ဖော်ပြထားသည်။ သို့သော် တရုတ်ဘက်က နီပေါနယ်မြေအတွင်းတွင် ခြံစည်းရိုးနှင့်ဝါယာကြိုးများ စိုက်ထူထားသည်။

မြေပြင်တွင် အထောက်အထားများ ရှိလင့်ကစားအစီရင်ခံစာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကြန့်ကြာနေဆဲဖြစ်သည်။

ဟူမလာ၊ ဂေါ်ခါ၊ ဒါချူလာ၊ ဒိုလာခါနှင့်ဆင်ဒူပါချောတို့ အပါအဝင် နယ်နိမိတ်ချင်း ထိစပ်နေသော ခရိုင်များတွင် တရားမဝင် ကျူးကျော်ဝင်ရောက်မှုများကို ညွှန်ပြနေသည့် အစီရင်ခံစာများ ထွက်ပေါ်လာ သော်လည်း ဟိမဝန္တာနိုင်ငံအတွင်း တရုတ်၏ နယ်မြေချဲ့ထွင်ရေးချဉ်းကပ်မှုနှင့်ပတ်သက်၍ နီပေါနိုင်ငံ နှုတ်ဆိတ်နေခြင်းမှာ အံ့အားသင့်စရာပင်။

နီပေါပြည်တွင်းရေးကိစ္စများတွင် တရုတ်စွက်ဖက်မှုတိုးလာခြင်းကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့်လကခတ္တမန္ဒူတွင် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုယမ်ချီ၏ ဓာတ်ပုံများကို Rastriya Ekata Abhiyan အဖွဲ့ဝင်များက မီးရှို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly