အမေရိကန် တပ်တွေကို လက်ခံဖို့ ဒိန်းမတ် စီစဉ် 

အမေရိကန် တပ်တွေကို လက်ခံဖို့ ဒိန်းမတ် စီစဉ် 
Photo - AFP

ဖေဖော်ဝါရီ ၁၁

ယူကရိန်းအရေး အနောက်အုပ်စုနဲ ရုရှတို့ တင်းမာနေတဲ့ကြားမှာ နေတိုးအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံက အမေရိကန်နဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်သစ် တစ်စိတ်တစ်ပိုင်းအရ နိုင်ငံတွင်းမှာ အမေရိကန်တပ်တွေကို လက်ခံဖို့ အသင့်ရှိနေပြီလို့ ကြာသပတေးနေ့မှာ ပြောပါတယ်။ 

စကင်ဒီနေးဗီးယန်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံဟာ အီရတ်မှာ အမေရိကန်နဲ့အတူ တိုက်ခိုက်ခြင်းနဲ့အတူ အမေရိကန်ရဲ့ အနီးကပ်ဆုံး ဥရောပမဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တာဟာ ဆယ်စုနှစ် နှစ်စုမက ရှိနေတာပါ။ 

“အပြန်အလှန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတို့ ရရှိခဲ့ပါတယ်”လို့ ဝန်ကြီးချုပ် မတ်တီ ဖရက်ဒါရစ်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။ 

“ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အတိမ်အနက်ကိုတော့ မဆုံးဖြတ်ရသေးပါဘူး၊ ဒါပေမဲ့ ဒိန်းမတ်မြေပေါ်မှာ အမေရိကန်စစ်သားတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ထားရှိခွင့် ပြုသွားမှာ ဖြစ်ပါတယ်”လို့ သူက ထပ်လောင်းပြောပါတယ်။ 

စေ့စပ်ညှိနှိုင်းမှုတွေက ရုရှနဲ့ ယူကရိန်းကြားက ပဋိပက္ခမှာ ရလဒ်မထွက်ပေါ်လာသေးပေမယ့် လက်ရှိ အကျပ်အတည်းဟာ ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဖော်ပြနေတယ်လို့ ဖရက်ဒါရစ်ဆန်က ဆိုပါတယ်။ 

“နေတိုးနဲ့ အမေရိကန်ဟာ ကျွန်တော်တို့ လုံခြုံရေးအတွက် အာမခံပေးသူတွေ၊ ဒါကြောင့်ပဲ အမေရိကန်နဲ့ ကျွန်မတို့ ပူးပေါင်းရတာ ဖြစ်တယ်၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေလို အနောက်တိုင်းစံတန်ဖိုးတွေ ခြိမ်းခြောက်ခံရချိန်မှာ ကျွန်တော်တို့ ပူးပေါင်းထားရမှာ ဖြစ်တယ်”လို့ ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ အပါအဝင်ဖြစ်တဲ့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး မော်တန် ဘော့စကော့ဗ်က ပြောခဲ့ပါတယ်။ 

ရုရှနိုင်ငံဟာ ယူကရိန်းနယ်စပ်နားမှာ တပ်အင်အား ၁၀၀၀၀၀ ဝန်းကျင် တပ်စွဲထားတာကြောင့် ယူကရိန်းကို ကျူးကျော်မယ်ဆိုပြီး အနောက်အုပ်စုရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ တင်းမာမှုတွေ မြင့်တက်လျက် ရှိတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required