ပါကစ္စတန် ကရာချိမြို့၌ ဂျုံပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ပါကစ္စတန် ကရာချိမြို့၌ ဂျုံပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းနှင့် စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရစဉ် နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ကရာချိတွင် ယခုအခါ ဂျုံပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ARY News က ဇန်နဝါရီ ၃၁ ရက်တွင် ဖော်ပြသည်။

ယင်းအခက်အခဲကြောင့် ဆင်းဒ်ပြည်နယ်အစိုးရသည် ကျေးလက်ဒေသများကနေ ကရာချိမြို့သို့ ဂျုံ မက်ထရစ်တန်ချိန် ၁၀၇,၀၀၀ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းသတင်းဌာနက ဖော်ပြသည်။

ကရာချိမြို့၌ ဂျုံပြတ်လပ်မှုနှင့်ပတ်သက်ပြီး ဆင်းဒ်ပြည်နယ် ဝန်ကြီးချုပ် မူရက်ဒ် အလီ ရှားထံ တင်ပြခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အစည်းအဝေးတစ်ခု၌ အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကရာချိမြို့၌ ဖေဖေါ်ဝါရီလအတွက် ဂျုံ မက်ထရစ်တန်ချိန် ၁၀၇,၀၀၀ လိုအပ်မည် ဖြစ်သလို မတ်လအတွက်လည်း အဆိုပါ တူညီသော ပမာဏတစ်ရပ် လိုအပ်မည်ဖြစ်သည်ဟု စားနပ်ရိက္ခာဌာန၏ ညွှန်ကြားရေးမှူးက ပြောခဲ့ကြောင်း ARY News က ဖော်ပြသည်။

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှုနှုန်း အကြီးအကျယ် မြင့်တက်လျက်ရှိသည်။

ထို့အတူ ပါကစ္စတန် အတိုက်အခံ ညွန့်ပေါင်းအုပ်စုသည် ပါကစ္စတန်အမျိုးသားနေ့ ဖြစ်သည့် မတ်လ ၂၃ ရက်တွင် အစ္စလမ်မာဘတ်သို့ ခရီးရှည် ချီတက်ပြီး “ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုအပေါ် ဆန့်ကျင်သည့်” ဆန္ဒထုတ်ဖော်မှုတစ်ခုကို လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly