အာဖဂန်နစ္စတန်တွင် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု များပြားပြီး ကလေးများ အသက်ဆုံးရှုံးနေ

အာဖဂန်နစ္စတန်တွင် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု များပြားပြီး ကလေးများ အသက်ဆုံးရှုံးနေ

အာဖဂန်နစ္စတန်နိုင်ငံတွင် နမိုးနီးယား ခေါ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများပြားနေပြီး ဆေးရုံ၊ ဆေးခန်းများသို့ သွားရန် မတတ်နိုင်သည့် ကလေးငယ်များ အသက်ဆုံးရှုံးနေရကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်သည့် “Save the Children” က ဇန်နဝါရီ ၃၁ ရက်တွင် ပြောခဲ့ကြောင်း Anadolu agency သတင်းဌာနက ဖော်ပြသည်။

“ကလေးငယ်တွေမှာ နမိုးနီးယား ဖြစ်ပွားမှုတွေက မြင့်တက်နေပါတယ်။ ခုကာလက အာဖဂန်မှာ ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းတစ်ခုနဲ့ ကြုံနေရပြီး အဲဒီအကျပ်အတည်းကြောင့်လည်း အသက်ငယ်တဲ့သူတွေရဲ့ ကိုယ်ခံအားစနစ်တွေကို ထိခိုက်စေလျက် ရှိပါတယ်” ဟု Save the Children အဖွဲ့၏ ထုတ်ပြန်ချ က်တစ်ရပ်ကို Anadolu agency က ကိုးကားဖော်ပြသည်။

“ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ပိတ်ပင်ခံထားရတာနဲ့ အကူအညီတွေ ပြန်ရုပ်သိမ်းသွားတာတို့ကြောင့် အာဖဂန်မှာ ကျန်းမာရေးစနစ် ပြိုလဲပြီး ဒါက ကလေးတွေအတွက် အသက်ဆုံးရှုံးရတဲ့အထိ ထိခိုက်စေလျက်ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကလေးများအကြား အဆုတ်ရောင်ရောဂါနှင့် ပြင်းထန် အာဟာရ ချို့တဲ့မှု ဖြစ်စဉ် ဖြစ်ပွားမှုများ ယခုလောက်ထိ များပြားနေခြင်းကို ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးကြောင်း အာဖဂန်ဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက Save the Children ကို ပြောခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ယင်းနိုင်ငံတွင် ကလေးငယ် ၁၃၅ ဦးသည် ဆေးရုံတွင် သို့မဟုတ် ဆေးရုံသို့ သွားရာလမ်းတွင် သေဆုံးခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ အမှုထမ်းတစ်ဦးက ပြောကြောင်း Anadolu agency က ဖော်ပြသည်။

“အာဖဂန်နစ္စတန်မှာ စီးပွားရေးထိုးစိုက်ကျဆင်းမှုက နိုင်ငံလူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို ဆင်းရဲမွဲတေမှုအောက် နေထိုင်ရစေဖို့ ခြိမ်းခြောက်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် စရိတ်အတွက်သာမက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကြီးဆုံးနှင့် တစ်ခုတည်းသော အတားအဆီး” ဖြစ်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly