သီရိလင်္ကာက မြန်မာမှ ဆန် မက်ထရစ်တန် ၁၀၀,၀၀၀ တင်သွင်းမည်

By Borneo Bulletin
08 February 2022
သီရိလင်္ကာက မြန်မာမှ ဆန် မက်ထရစ်တန် ၁၀၀,၀၀၀ တင်သွင်းမည်
Photo - Borneo Bulletin

ဖေဖေါ်ဝါရီလ ၈ ရက်

သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်းဈေးကွက်များ၌ ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံမှ ဆန်ဖြူ မက်ထရစ်တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူတင်သွင်းရန် ဆုံးဖြတ်ထားကြောင်း ယင်းနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီးဌာနက ယမန်နေ့က ပြောသည်။

သီရိလင်္ကာ နိုင်ငံတော် ကုန်သွယ်မှု (အထွေထွေ) ကော်ပိုရေးရှင်းမှတဆင့် ဆန် မက်ထရစ်တန် တစ်တန်ကို ကန်ဒေါ်လာ ၄၄၅ နှုန်းဖြင့် ဆန်များကို တင်သွင်းရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးဌာနသည် အချိန်ကာလတစ်ခု၌ ဆန် မက်ထရစ်တန် ၂၀,၀၀၀ တင်သွင်းပြီး ယင်းကို ဈေးကွက်ထဲသို့ တဖြည်းဖြည်းချင်း ထုတ်ပေးရန် စီစဉ်ထားသည်။

တချိန်တည်းမှာပင် ဆန် တင်သွင်းမှုအတွက် လိုအပ်သော နိုင်ငံခြားငွေကြေးကို ထုတ်ပေးရန် ဗဟိုဘဏ်ကို ပန်ကြားထားသည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

သီရိလင်္ကာတွင် ဆန်တင်သွင်းမှုများသည် အထူးသဖြင့် ဘာစမာတီ ကဲ့သို့ ဆန်များကို ပမာဏအနည်းငယ်သာ တင်သွင်းရန် ပုံမှန်အားဖြင့် ကန့်သတ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly