ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်ပြီး တစ်နှစ်အကြာ စစ်ကောင်စီဘက်က တိုက်ပွဲများပြန်စလာ၍ စစ်ဘေးရှောင်များ စိုးရိမ်နေ

07 February 2022
ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်ပြီး တစ်နှစ်အကြာ စစ်ကောင်စီဘက်က တိုက်ပွဲများပြန်စလာ၍ စစ်ဘေးရှောင်များ စိုးရိမ်နေ

ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့အကြား ၂၀၂၀ခုနှစ် နိုဝင်ဘာလအတွင်းကနေ အပစ်ခတ်ရပ်စဲထားကြတာလည်းဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲထားသည်မှာ တစ်နှစ်ကျော် အထိကြာမြင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့အတွင်း စစ်ကောင်စီတပ် ခမရ ၃၅၂ရဲ့ စစ်ကြောင်းက ရက္ခိုင့်တပ်တော်(AA)အခြေပြုထားတဲ့နေရာကို ဝင်ရောက်လာပြီး ကင်းသမားကိုလက်ဦးမှုယူပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပါတယ်။

မနေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့အကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

ယခုလိုတည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲသံများ ထွက်ပေါ်လာတဲ့အပေါ် စစ်ဘေးရှောင်တွေအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာပါတယ်။

စစ်ဘေးရှောင်တွေဟာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အခက်အခဲတွေနဲ့ နေထိုင်နေရတာ ကြောင့် ထပ်မံစစ်ပွဲသံတွေကြားလာရတာကြောင့် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးပိုမိုပြီး ခက်ခဲ လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly