ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြားဝင်မှုဖြင့် ရှောင်တာနဲလ်အား စစ်ကောင်စီ ပြန်လွှတ် 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကြားဝင်မှုဖြင့် ရှောင်တာနဲလ်အား စစ်ကောင်စီ ပြန်လွှတ် 

ဖေဖော်ဝါရီ ၇

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် မေတ္တာရပ်ခံပြီးနောက် စစ်ကောင်စီသည် ဩစတြေးလျ ပါမောက္ခ ရှောင်တာနဲ့လ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကြားသိရသည်။ 

ဩစတြေးလျ စီးပွားရေး ပညာရှင် ရှောင်တာနဲလ်သည် စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံရသည့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးတစ်ဦးလည်း ဖြစ်သည်။ 

ရှောင်တာနဲလ်အား နိုင်ငံတော် လျှို့ဝှက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ထားခံရခြင်း ဖြစ်သည်။ 

ဩစတြေးလျအစိုးရက ဝန်ကြီးချုပ် ဟွန်ဆန်မှတစ်ဆင့် တိုက်ရိုက်မေတ္တာရပ်ခံခဲ့ခြင်းကြောင့် တစ်နှစ်ကြာ ဖမ်းဆီးခံထားရသည့် ရှောင်တာနဲလ်ကို စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်က ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။ 

၂၀၂၂ ဇန်နဝါရီ ၇ ရက်က မင်းအောင်လှိုင်နှင့် ဝန်ကြီးချုပ် ဟွန်ဆန် တွေ့ဆုံရာ၌ ဩစတြေးလျ၏ အဆိုပြုချက်ကို မင်းအောင်လှိုင်အား ဟွန်ဆန်က ပေးအပ်ခဲ့ခြင်းဖြစ်ကာ ရလဒ်အားဖြင့် မင်းအောင်လှိုင်သည် ထို အဆိုပြုချက်ကို လက်ခံပြီး အပြုသဘော ဖြေရှင်းမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly