ရန်ကုန်မြို့ တောင်ဒဂုံ ယဉ်ကျေးမှု တက္ကသိုလ်အနီး ဗုံးပေါက်

ရန်ကုန်မြို့ တောင်ဒဂုံ ယဉ်ကျေးမှု တက္ကသိုလ်အနီး ဗုံးပေါက်

ဖေဖော်ဝါရီလ ၆ ရက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် အနီး ယနေ့ ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီ ၂ ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောသည်။

"အသံကတော့ ကိုယ့်အိမ်ပေါ်ကို ကျလာသလိုကို ကြားရတာ။ အိမ်ပါ တုန်သွားတာ။ ဗုံးပေါက်သံတွေ ကြားဖူးသမျှထဲမှာ အခုတစ်ခေါက်ကတော့ အသံအကျယ်ဆုံး ကြားဖူးတာ'' ဟု ဒေသခံတစ်ဦးက ပြောသည်။

 ဖေဖော်ဝါရီ ၂ ရက်ကလည်း အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်သို့ သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း  သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

 " ကျောင်းထောင့်မှာ ကျွတ်ကျွတ်အိတ် အမည်းနဲ့ ဗုံးတွေ့တာ၊ ကျောင်းထောင့်ဆိုတာက လူသွားလူလာလည်း မရှိတဲ့နေရာပါ၊ သေနတ်နဲ့ လေးချက်လောက် ကျောင်းအပြင်ဘက်ကို ပစ်သွားတာ လူထိခိုက်မှု မရှိခဲ့ပါဘူး ''ဟု ၎င်းကပြောသည်။

လက်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)တွင် တက်ရောက်သူများသည် ကျောင်းရှိ လူစာရင်း အချက်အလက်များ ထုတ်ဖော် ပြောဆိုခြင်းမပြုရန် ခံဝန် လက်မှတ်ထိုးရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required