အင်းစိန်မြို့နယ်ရှိ ချင်းဘုရားကျောင်း ချိပ်ပိတ်ခံရခြင်း မရှိဟုဆို

အင်းစိန်မြို့နယ်ရှိ ချင်းဘုရားကျောင်း ချိပ်ပိတ်ခံရခြင်း မရှိဟုဆို

ဖေဖော်ဝါရီ ၅

ရန်ကုန်၊ အင်းစိန်မြို့နယ် တောင်သူကုန်း ရပ်ကွက် အ.မ.က (၆) ဇီးအုံကုန်းဘေးရှိ ချင်းဘုရားကျောင်း (Missionary Training School) ချိပ်ပိတ်ခံရသည် ဆိုသည်မှာ သတင်းအမှားသာ ဖြစ်ကြောင်း ဘုရားကျောင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၃၀ရက်နေ့တွင် စစ်ကောင်စီတပ်က လူငယ်နှစ်ဦးကို ဘုရားကျောင်း အတွင်း ပစ်သတ်၍ ချိပ်ပိတ်သွားသည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ရာ ယင်းလူငယ် နှစ်ဦး ပစ်သတ်ခံရမှုသည် ဘုရားကျောင်း ဘေးရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

''ကျောင်းဘေးနားက အိမ်ကို ဝင်စီးကြတာပါ။ ချင်းဘုရားကျောင်း ချိပ်ပိတ်တယ် ဆိုတာတော့ မဟုတ်ဘူး။ အင်းစိန်မှာ ချင်းဘုရားကျောင်း ချိပ်ပိတ်တယ် ဆိုတော့ အားလုံးက စိုးရိမ်နေကြတာပေါ့။ အင်းစိန်မှာကလည်း ကျမ်းစာကျောင်းတွေ အရမ်းများတယ်လေ'' ဟု အဆိုပါ ချင်းဘုရားကျောင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ အင်းစိန်မြို့နယ်တွင် ကရင်နှင့် ချင်းလူမျိုး အများအပြား နေထိုင်ကြပြီး ကျမ်းစာသင်ကျောင်းနှင့် ဘုရားကျောင်းများရှိရာ ချင်းဘုရားကျောင်း ချိပ်ပိတ်ခံရသည့် သတင်း ထွက်ပေါ်မှုကြောင့် ယုံကြည်သူများ အကြား စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly