တာလီဘန်တို့၏ နိုင်ငံရေး မကျွမ်းကျင်မှုကြောင့် အာဖဂန်အမျိုးသမီးများ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

တာလီဘန်တို့၏ နိုင်ငံရေး မကျွမ်းကျင်မှုကြောင့် အာဖဂန်အမျိုးသမီးများ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ နိုင်ငံရေး မကျွမ်းကျင်မှုသည် အမျိုးသမီးများအတွက် ကြီးမားသည့် အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ယင်းက နိုင်ငံ၏ အနာဂတ်အပေါ်တွင်လည်း အန္တရာယ်ဖြစ်စေလျက် ရှိကြောင်း Dawn သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

လက်ရှိတွင် အာဖဂန်၏ တာလီဘန်တို့အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု မရသေးဘဲ ဖြစ်နေချိန် ယင်းနိုင်ငံတွင် လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ပေါ်နေသည်။

နိုင်ငံမဲ့ ပုဂ္ဂိုလ်များနှင့် မခြား ဖြစ်နေသည့် အာဖဂန်နစ္စတန် ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ တွေ့ကြုံနေရသည့် အကျပ်အတည်းတွင် စားနပ်ရိက္ခာ သို့မဟုတ် ဆေးဝါး ပြတ်လပ်မှုတို့သာ ရှိနေသည် မဟုတ်ပေ။

၎င်းတို့ အမှန်တကယ်ကြုံနေရသည့် အကျပ်အတည်းက တာလီဘန်တို့၏ နိုင်ငံရေး မကျွမ်းကျင်မှုကြောင့် ပြဿနာများ ဖြစ်ရကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

လက်ရှိ တာလီဘန်အုပ်ချုပ်သူတို့လက်အောက်တွင် အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ကျူးလွန် ဖောက်ဖျက်ခံရမှုများနှင့် ရင်ဆိုင်နေခဲ့ရစဉ် ယင်းနိုင်ငံတဝန်း အမျိုးသမီးများသည် ဆန္ဒထုတ်ဖော်မှုများကို လုပ်ဆောင်ထားသည်။

တာလီဘန်တို့သည် အမျိုးသမီးများ၏ သွားလာလှုပ်ရှားမှုများအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားသည့်အတွက် အမျိုးသမီးများ၏ လူမှု-စီးပွား လုပ်ဆောင်ချက်များအပေါ် အဟန့်အတား ဖြစ်စေလျက် ရှိသည်။

လက်ရှိအချိန်တွင် တာလီဘန်တို့သည် နိုင်ငံရေး ဖြေရှင်းနည်းများ လုပ်ဆောင်ရမည့်အစား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ရန်နှင့် အခွင့်အရေးများကို ငြင်းဆန်ရန် နည်းလမ်းများကို ရှာဖွေနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly