ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲအား ပိုမိုသပိတ်မှောက်ရန် ထိုင်ဝမ်အစိုးရအား တက်ကြွ လှုပ်ရှားသူများနှင့် လွှတ်တော်အမတ်များ တောင်းဆို

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲအား ပိုမိုသပိတ်မှောက်ရန် ထိုင်ဝမ်အစိုးရအား တက်ကြွ လှုပ်ရှားသူများနှင့် လွှတ်တော်အမတ်များ တောင်းဆို

ပေကျင်းဆောင်းရာသီ အိုလံပစ်ကို သပိတ်မှောက်ရာတွင် အစိုးရက ပိုမိုလုပ်ဆောင်ရန် ထိုင်ဝမ်တက်ကြွ လှုပ်ရှားသူများနှင့် လွှတ်တော်အမတ်များက တောင်းဆိုခဲ့ကြသည်။

မကျေမနပ်ဖြစ်နေသော တက်ကြွလှုပ်ရှားသူများက ပါလီမန်အပြင်ဘက်တွင် ဇန်နဝါရီ ၂၆ရက်က စုဝေးကာ တရုတ်ထံမှ လွတ်လပ်ရေးတောင်းဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြသည်ဟု Taipei Times က ဖော်ပြခဲ့သည်။

တရုတ်တိုင်ပေအိုလံပစ်ကော်မတီ (CTOC) သည် ၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်း အားကစားပွဲများတွင် ယှဉ်ပြိုင်သည့်အခါ ထိုင်ဝမ်အားကစားသမားများ၏ လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ပေးသင့်ကြောင်း ၎င်းတို့က တောင်းဆိုကြသည်။

ဆောင်းရာသီအိုလံပစ်ပွဲတော်တွင် ထိုင်ဝမ်အားကစားသမား ၄ ဦး ပါဝင်ရန် စီစဉ်ထားသည်။

်နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တရုတ်တွင် လွတ်လပ်စွာပြောဆိုခွင့်အတွက် အကျဉ်းချခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ပျောက်ဆုံးသွားသော ထိုင်ဝမ်အရေးလှုပ်ရှားသူ လီမင်ချီနှင့် တရုတ်အတိုက်အခံ ၆ ဦးတို့ကို ထောက်ပံ့ရန် ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းတစ်ရပ်ကို ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြခဲ့သည်။

၂၀ဝ၈ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်း အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင် ယင်း၏ လူ့အခွင့်အရေး မှတ်တမ်းကို မြှင့်တင်ရန် တရုတ်အစိုးရက ကတိပြုခဲ့သော်လည်း နိုင်ငံတွင်း အခြေအနေများသည် ၂၀ဝ၈ ခုနှစ်ထက် ဆိုးရွားနေကြောင်း AI က ဆိုသည်။

“တရုတ်က အိုလံပစ်အားကစားပွဲတော်ကို တိုင်းပြည်ပုံရိပ်ကို မြှင့်တင်ပေးပြီး ဆိုးရွားလှသည့် လူ့အခွင့်အရေး မှတ်တမ်းကို ဖြူစင်အောင် လုပ်ဆောင်နေသည်” ဟု AI အဖွဲ့၏ ထိုင်ဝမ် ဒါရိုက်တာ ချူ အီလင်းက ပြောကြားခဲ့သည်။

AI ၏ ထိုင်ဝမ်အဖွဲ့ဝင်များသည် ကော်မတီကိုယ်စား CTOC လက်ထောက် အထွေထွေအတွင်းရေးမှူး ဝူခိုယီလက်ခံထားသော စာနှင့် အသနားခံစာတစ်စောင်ကိုလည်း တင်သွင်းခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly