တရုတ်လူမှုမီဒီယာတွင် နီပေါနှင့်ပတ်သက်သည့် သတင်းအတုများ ပြည့်နှက်နေ

တရုတ်လူမှုမီဒီယာတွင် နီပေါနှင့်ပတ်သက်သည့် သတင်းအတုများ ပြည့်နှက်နေ

တရုတ်ချင်မင်းဆက်က ၁၇၉၂ခုနှစ်အတွင်း ခတ္တမန္ဒူချိုင့်ဝှမ်းသို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် ၅ နှစ်ကြာဖြစ်ပွားခဲ့သည့် 'တရုတ်-ဂေါ်ရခါးစစ်ပွဲ' အကြောင်းရင်းသည် ကုန်သွယ်ရေး အငြင်းပွားမှုကြောင့် ဖြစ်ကြောင်း တရုတ်လူမှုမီဒီယာတစ်ခုဖြစ်သည့် weibo.com မှ သတင်းဆောင်းပါးတစ်ခုတွင် မှားယွင်းစွာဖော်ပြခဲ့သည်။

နီပေါသည် မည်သည့်နိုင်ငံခြားတိုင်းပြည်များ၏ ကျူးကျာ်မှုကိုမှ မခံခဲ့ရသည်မှာ လူသိများသော အချက်ဖြစ်သည်။

သို့သော် တရုတ် လူမှုမီဒီယာပို့စ်တွင် နှစ်နိုင်ငံကြားစစ်ပွဲအကြောင်းကို မှားယွင်းစွာဖော်ပြခဲ့ပြီး ထိုအချိန်က နီပေါ ဘုရင်သည် ချင်မင်းဆက်ရှေ့မှောက်တွင် ချက်ချင်း အညံ့ခံခဲ့သည်ဟု စွပ်စွဲခဲ့သည်။

pardafas.com ၏ သတင်းတစ်ပုဒ်တွင် "နီပေါဘုရင်ကမည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။ အကြောင်းမှာ စစ်ပွဲသည် ရာနာ ဗဟာဒါရှားနန်းတက်စဉ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး စစ်သည်တော် မင်းသား ဗဟာဒူးရှားက စစ်ပွဲကို ဦးဆောင်ခဲ့သည်" ဟု ဖော်ပြထားသည်။

တရုတ်-ဂေါ်ရခါးစစ်ပွဲကို တရုတ်ဘက်က 'ဂေါ်ရခါးလှုပ်ရှားမှု' ဟုခေါ်ပြီး တရုတ်လူမှုမီဒီယာများတွင် လွဲမှားစွာ ပုံဖော်ထားသည်။

နီပေါနှင့် တိဘက်တို့အကြား ကုန်သွယ်ရာတွင် အရည်အသွေးမကောင်းသည့် ဒင်္ဂါးပြားများကို အသုံးပြုသည့် မရိုးသားသော တိဘက်အုပ်ချုပ်သူများကို နီပေါဘက်က ဆန့်ကျင်ရာမှ စစ်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

တိဘက်ကို တရုတ်ချင်မင်းဆက်က သိမ်းပိုက်ခဲ့ပြီးနောက် နီပေါသည် ဖိနှိပ်သော ချင်မင်းဆက်ကို တိုက်ထုတ်ခဲ့ရသည်။

ယင်းအချက်နှင့် ပတ်သက်၍ တရုတ်ဘာသာဖြင့် လူမှုမီဒီယာတွင် “တိဘက်အောင်ပွဲအား အခွင့်ကောင်းယူ၍ ချင်မင်းဆက်သည် ဟိမဝန္တာတောင်တန်းများကို ဖြတ်ကျော်ကာ ဂေါ်ရခါးတို့၏ မြို့တော်ဖြစ်သော ယန်ဘူး (ယခု ခတ္တမန္ဒူ) သို့ ချီတက်လာခဲ့ကြသည်ဟု ဖော်ပြထားသည်။

စိတ်ဓာတ်ကျနေသောဂေါ်ရခါးဘုရင်သည် ချင်မင်းဆက်ထံ လက်အောက်ခံပြီး ၅ နှစ်တစ်ကြိမ် အခစား ဝင်ရောက်မည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။"

ကျန်းနန်ကျီယန်ယန်း ဟုခေါ်သော လူတစ်ဦးမှ ပထမဆုံးမျှဝေခဲ့သည့် ယင်းသတင်းအတုကို အွန်လိုင်းတွင် တင်ကြရာမှ ပျံ့နှံ့သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly