ပုသိမ်ကြီးမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီး ၁ဦး သေဆုံး

ပုသိမ်ကြီးမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီး ၁ဦး သေဆုံး

ဖေဖော်ဝါရီလ ၃ ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားရာ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းနှင့်ခြေလက် ပြတ်ထွက်ဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။ 

“မနက် ၇ နာရီမထိုးခင်လောက်က ပေါက်ကွဲသံကြီးကြားရပြီး၊  အဲဒီမှာ အဖွားတစ်ယောက် ဗုံးမှန်သေတယ်ဆိုလို့သွားကြည့်ကြတာပေါ့၊ ဆေးရုံကားနဲ့သယ်သွားတာပဲမြင်လိုက်ရတယ်၊ လူကိုတော့မမြင်လိုက်ရဘူး၊ ၁၉ လမ်းဘေးဖြစ်တာပါ” ဟု အခင်းဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။ 

အဆိုပါ အမျိုးသမီးသည် ပေါက်ကွဲမှုကြောင့် ဦးခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

သေဆုံးသွားသူ၏ အချက် အလက်နှင့် မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ မသိရသေး‌ပေ။ 

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၆၃ လမ်းထောင့်အနီး အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦး ခြေပြတ်လက်ပြတ်အပြင်းအထန်ဒဏ်ရာရမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required