တနင်္သာရီမြို့နယ် ‌‌ညောင်ပင်ကုန်းရွာရှိ မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရ

By ကိုရွှေမြိတ်
02 February 2022
တနင်္သာရီမြို့နယ် ‌‌ညောင်ပင်ကုန်းရွာရှိ မိုင်တဲ တာဝါတိုင် ဖျက်ဆီးခံရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေးရွာရှိ မိုင်တဲ တာဝါတိုင်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီ ရိုးမ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ကျွန်တော်တို့ အဖွဲ့က စစ်အာဏာသိမ်း တစ်နှစ်ပြည့် အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ စီးနင်း လိုက်ပါလာတဲ့ ဆိုင်ကယ် ခုနှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ အပြင် မိုင်တဲ တာဝါတိုင် တစ်တိုင်ကို မီးရှို့ ဖျက်ဆီးခဲ့တယ် "ဟု အဆိုပါ ဝာာဝန်ရှိသူက ပြောသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ စစ်တပ်ပိုင် မိုင်တဲ တာဝါတိုင် ငါးတိုင်ကို ဖျက်ဆီးပြီး ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့များထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly