ဒေါပုံမြို့နယ် Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံ

By ရိုဇာ
02 February 2022
ဒေါပုံမြို့နယ် Mytel တာဝါတိုင်စောင့် စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံ

ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာလမ်း Mytel တာဝါတိုင် အနီးရှိ စစ်ကောင်စီတပ်သားများ ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီ ၅၅ မိနစ်က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးမှု ရှိနိုင်ကြောင်း တိုက်ခိုက်ခဲ့သည့် Independent Guerilla Force အဖွဲ့က ထုတ်ပြန်သည်။

“အဲ့နားမှာ လေးကောင် ရှိနေတာ၊ နှစ်ကောင်တော့ ထိသွားတယ်။ တစ်ကောင်က ဆေးရုံကားပေါ် တင်သွားတယ်ဗျ” ဟု Independent Guerilla Force အဖွဲ့ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

ဗုံးပစ် တိုက်ခိုက်မှုကြောင့် အသေအပျောက် အတိအကျ မသိရသော်လည်း စစ်သား နှစ်ဦး ထိခိုက်ပြီး တစ်ဦး သေဆုံးဖွယ် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly