စစ်ကောင်စီက ရန်ကုန် နှင့် ကရင်နီပြည်နယ် ဝန်ကြီးချုပ်သစ်များခန့်အပ်

စစ်ကောင်စီက ရန်ကုန် နှင့် ကရင်နီပြည်နယ် ဝန်ကြီးချုပ်သစ်များခန့်အပ်

ဖေဖော်ဝါရီ ၁

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့်အချိန်တွင် စစ်ကောင်စီက ရန်ကုန်တိုင်းနှင့် ကရင်နီပြည်နယ်ရှိ ဝန်ကြီးချုပ်နေရာများကို အပြောင်းအလဲ ပြုလုပ်အသစ်ခန့်အပ်မှု ပြုလုပ်သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးလှစိုး၏ နေရာတွင် ယခင် ကာကွယ်ရေးဝန်ကြီးဌာန စာရင်းစစ်ချုပ် (ကကစစ်ချုပ်) ဦးစိုးသိန်းကို ခန့်အပ်လိုက်သည်။ ဦးစိုးသိန်းသည် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၏ ဒုတိယမန်‌နေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သည့်အပြင် DSA အပတ်စဉ် (၂၄)ဆင်းထားသူဖြစ်သည်ဟုလည်း သိရသည်။

ကရင်နီပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခေါ်) ဘူးရယ် နေရာတွင် ဦးဇော်မျိုးတင်ကို ခန့်အပ်လိုက်သည်။

ကရင်နီပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာသည့် ဦးဇော်မျိုးတင်သည် ကရင်နီပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး (ဒကစမှူး)အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

ဦးခင်မောင်ဦးကို တာဝန်မှ ရပ်နားထားသည်မှာကြာပြီ ဖြစ်သော်လည်း ဇန်နဝါရီလ ၃၁ရက်တွင် စစ်ကောင်စီက ထုတ်ပြန်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly